Friday, 17 August 2012
မေတ္တာကောင်းကင်
အဘိုးပေးတဲ့  အမွေ..
ဆရာ ဦးအောင်သင်း ပြောသွားတဲ့  တန်ဖိုးသုံးမျိုး အကြောင်းကို စဉ်းစားမိတယ်..။ တန်ဖိုးသုံးမျိုးရှိတယ်တဲ့ ..
(၁) ဖလှယ်ခြင်းတန်ဖိုး
(၂) ပင်ကိုယ်တန်ဖိုး
(၃) မြတ်နိုးခြင်းတန်ဖိုးတဲ့ ..။။။
ကျနော် နားလည်လိုက်တာက ဖလှယ်ခြင်းတန်ဖိုးဆိုတာ တဲ့ ..ပိုက်ဆံဆိုပါတော့ ..ဖလှယ်ခြင်းနေရာမှာ တန်ဖိုးတစ်ခု သတ်မှတ်ထားတယ်..ဒါပေမယ့်  အဲဒီသတ်မှတ်ချက်တစ်ခုက ဒီကနေ့  ၅၀၀၀ တန်တွေ (ဥပမာပြောတာနှော်) နိုင်ငံတော်က တရားမ၀င်တော့ သော ငွေအဖြစ်သတ်မှတ်လိုက်တယ်ဆိုရင်...ဒီ ငါးထောင်တန်တွေဟာ ဘာတန်ဖိုးမှ မရှိတော့ ပါဘူး ..စက္ကူတစ်ရွက်ပါပဲလေ..။ဒါက ဖလှယ်ခြင်း တန်ဖိုးတစ်ခုပါ...။
    ငယ်ငယ်က အဖိုးမသေခင်လေး မှာ ကျနော့်ကို အနားခေါ်ပြီးတော့  ငါ့ မြေး ဒါက ငါ့မြေးအတွက် အဖိုးရဲ့ အမွေပါကွယ်..ငါ့ မြေးတန်ဖိုးထားသိမ်းထားပါတဲ့ ..ကျနော် ဟိုးကလေး ဘ၀ တုန်းကတည်းပေးခဲ့ တာပါ..ကျနော် ပထမ တန်းကျောင်းသားအရွယ်လောက်မှာပေါ့ဗျာ..ကြည့်လိုက်တော့  ဘာမှမဟုတ်ပါဘူး..အဖိုးအညောင်းပြေ အညာပြေ အကြောနှိပ်သလို လုပ်လို့ ရတဲ့  အုန်းမှုတ်ခွက်လေးတစ်ခုပါ..။အုန်းခွံ ကို ဖင်ပိုင်းလေးကိုဖြတ်ပြီးတော့ ...ပြောင်ချောနေအောင်လုပ်ထားတာ..အဝေးကကြည့်လိုက်ရင်မဲမဲပြောင်ပြောင်လေးပါပဲ..။။အဲဒါလေးကို အဖိုးက အကြောနှိပ်သလို အကြောတင်းတဲ့ နေရာလေးမှာ ခုခုအိပ်တာ မြင်ဖူးတယ်လေ...။ဒါလေးကို အဖိုးက မသေခင် အနားကိုခေါ်ပေးသွားတာပေါ့...ကျနော် အမြဲချစ်ခင်လေးစားတဲ့ အဖိုး၇ဲ့  အမွေကို တန်ဖိုးထားတယ်..။
         တန်ဖိုးတစ်ခု အနေနဲ့ ကတော့ ကျနော်မြတ်နိုးခြင်းတန်ဖိုးပဲသတ်မှတ်လို့ ရတယ်..ဒါကတော့ ကျနော့်အတွက် တသီးပုဂ္ဂလ ခံစားချက်ပေါ့လေ..။။အဖိုးပေးတဲ့ အမွေမို့ တန်ဖိုးထားသလို အဖိုးကိုချစ်တဲ့ စိတ်ကြောင့်လဲ ဒီအုန်းမှုတ်ခွက်လေးကို အမြဲသိမ်းထားတယ်..တရိုတသေနဲ့  ကျနော် ထားခဲ့ ပါတယ်...ခရီးသွားတိုင်းလဲ အမြဲပါနေခဲ့ တယ်..။ဒါက ကျနော့်ရဲ့ တသီးပုဂ္ဂလ ခံစားချက် မြတ်နိုးးခြင်းတန်ဖိုးပေါ့..။။
             ဒီပစ္စည်းလေးကို မြင်တိုင်း တစ်ချိန်တစ်ခါက အဖိုးပြော တဲ့ စကားတွေ အဖိုးဆုံးမခဲ့တဲ့ စကားတွေ..အဖိုးရဲ့ ပုံရိပ်တွေဟာ ကျနော်မျက်စိထဲ အမြဲမြင်ယောင်မိတယ်..။။ကျနော် ဘာနဲ့ မှတန်ဖိုးဖြတ်လို့ မရတဲ့ အမွေတစ်ခုပါ..ပိုက်ဆံ ဘယ်လောက်ပဲပေးပေး ကျနော် မရောင်းနိုင်ပါဘူး..အဲဒီအမွေ၇ဲ့ တန်ဖိုးကို နားမလည်တဲ့  လူတစ်ယောက်အတွက်ကတော့  ဒါဟာ အမှိုက်တစ်ခုလို့ ထင်မယ်..လွင့်ပစ်မယ်ဆိုတာသေချာပါပဲ..။ဒါကလဲ သူမှ နားမလည်ပဲ..သူနဲ့  ဘာမှ မဆိုင်တော့ လဲ တန်ဖိုးဆိုတာ ဘယ်နားလည်ပါ့မလဲ..ဒါကြောင့်လွင့်ပစ်တာ အပြစ်တစ်ခုတော့ မဟုတ်ပါဘူး..။
          ကျနော့်အတွက်ကတော့  အဲဒီ အဖိုးပေးတဲ့  အမွေတစ်ခုဖြစ်တဲ့  အုန်းမှုတ်ခွက်ဖင်ပိုင်းလေး ဟာ ကျနော့် အတွက် တန်ဖိုးဖြတ်လို့ မရနိုင်နဲ့ ..အစားထိုးလဲ လှယ်လို့ မရနိုင်တဲ့ ..မြတ်နိုးခြင်းတန်ဖိုးတစ်ခုပါပဲ..။
အချိန်တန်လို့ အကြောင်း ကြောင်းကြောင့် အကြောဖြေအညာဖြေ နှိပ်ဖို့ လိုအပ်တဲ့ အရွယ်ရောက်လာရင်လဲ ခုခေတ်ပေါ်စက်တွေ အကြောနှိပ်တဲ့ စက်ကိရိယာတွေ လက်တကမ်းမှာ အလွယ်တကူ သုံးလို့ရပါတယ်..သုံးသင့်ရင်လဲ သုံးဖြစ်မှာပါ..။ဒါပေမယ့် အဖိုးပေးတဲ့ အမွေဖြစ်တဲ့ အုန်းမှုတ်ခွက်ဖင်ပိုင်းပြတ်လေး ကတော့ ကျနော်ဘေးမှာ အမြဲရှိနေမှာပါ..အမြဲတန်ဖိုးထားနေအုံးမှာပါပဲ..။။
            သားသမီးမြေးမြစ်တွေ အနေနဲ့ ကလဲ..ဒါဟာ ငါတို့  ဘိုးဘွားဘီဘင် လက်ထက်တတည်းက တရိုတသေ နဲ့ အမြတ်တနိုးတန်ဖိုးထားတဲ့  ပစ္စည်းတစ်ခုဟာ ဖလှယ်ခြင်းတန်ဖိုးဆိုတဲ့ ပိုက်ဆံနဲ့  ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရတဲ့  အမွေတစ်ခုအဖြစ်..ဆက်လက်ထိန်းသိမ်းထားစေချင်တာ ...ရင်ထဲမှာ မျှော်လင့်ထားတာ အမှန်ပါပဲခင်ဗျာ...................။။။။ (မင်းစိုး) ခံစားမိသလို ရေးပါသည်..။
လောကသာရပျို့ ( ရခိုင်သူမြတ်)
၁။ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစေချင်
ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား
မိဘဆရာ၊ စကားနာ၍
ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့။
ပေါ်လွင်မပြု၊ ကောင်းရာတုလျက်
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း။
၂။ မိခင်ဖခင်၊ ကျေးဇူးရှင်ကို
ချစ်ခင်မြတ်နိုး
ဂူပုထိုးသို့၊ ရှိခိုးဦးတင်
ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍
လုပ်ကျွေးခယ၊ ရိုတုတ်ကွလျက်
ကြီးထသက်အို၊ မျိုးဆွေကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုတ်သိမ်း၍
မယိမ်းစင်းလျင်း ငြိမ်းစေမင်း။
၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံလလျက်
တုပ်ကွပုဆစ်၊ ဆရာစစ်၌
ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်
စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်
ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌
သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး
မှတ်သားလေလေ၊ ၀မ်းထဲခွေ၍
အထွေအထူး၊ ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင် ကြွယ်စေမင်း။
ရခိုင်သူမြတ်
ခက်ဆစ်အဖွင့်
ပဲ့ပြင်= ဆုံးမသည်။ သွန်သင်သည်။ ဖြောင့်မှန်ကောင်းမွန်အောင်လုပ်သည်။
နိစ္စ= အမြဲ။
ကွပ်= ဆုံးမပဲ့ပြင်သည်။ လိမ္မာအောင်လုပ်သည်။
ပေါ်လွင်= ပေါ့ဆသည်။ ဘာကိုမျှ ဂရုမစိုက်။
ကြိုး= ကြိုးစားသည်။
ဂူ= လိုဏ်ခေါင်းခံ၍ အုတ်အင်္ဂတေတို့ဖြင့် တည်ဆောက်အပ်သော ဘုရား။
ပုထိုး= ဓာတ်တော်မွေတော် စသည်တို့ကို ဌာပနာ၍ အုတ်ကျောက်စသည်ဖြင့် တည်ထားသော မုခ်ပေါက် သို့မဟုတ် မုခ်ယောင်ပါရှိသော စေတီ။
သိမ်းမြန်း= ထိန်းသိမ်းစောင့်ရှောက်သည်။
တုပ်ကွ= ရိုသေလေးစားသည်။ ညွှတ်တွားခယသည်။
ပိုက်ထုပ်= ထိန်းသိမ်းသည်။
စင်းလျင်း= အမြဲ၊ မပြတ်မလပ်။
ထုံးတီး= ရှေးထုံးဟောင်း။
ချောင်းချောင်း= အမြဲမပြတ် အရိပ်အခြေကြည့်၍။
ခြိမ်းမောင်း= ဆူပူကြိမ်းမောင်းသည်။
ဝမ်းထဲခွေ= ၀မ်းထဲ၌ မှတ်သားနှလုံးသွင်းသည်။
http://sonata-cantata2.blogspot.com/2012/02/blog-post_20.html  မှကူးယူဖေါ်ပြလိုက်ပါသည်..။
ရွှေကံကော်မြန်မာထမင်းဆိုင်ကိုပြောင်းရွေဖွင့်လှစ်ခြင်း
လာရောက်အားပေးကြသော  မိတ်သင်္ဂဟအပေါင်းအား အထူးကျေးဇူးတင်ရှိပါတယ်..