Saturday, 29 September 2012

အခွင့်အရေး........။

အခွင့်အရေး ပေးခြင်းဆိုတာ ချမှတ်ထားတဲ့  စည်းကမ်းတစ်ခုကို ဖေါက်ဖျက်ပြီးမှ ပေးနိုင်တာမျိုးလားဗျာ.။ယူတဲ့ လူကလဲ  အသာတစ်ကြည်ယူတတ်သလို ပေးတဲ့ လူကလဲ အထိုက်အလျောက် အလိုလိုပေးတတ်ကြတာ အကျင့်တစ်ခု၊ဓလေ့တစ်ခုလိုများဖြစ်နေသလား/?။။
       26.9.2012 ရက်နေ့  နေ့ လည် 13း0 ခန့် မှာ ကျနော် သိမ်ဖြူလမ်း money changer ကို ငွေလဲလှည်ရန်သွားရောက်ခဲ့ ပါတယ်.။အထဲမှာ မြင်ကွင်းတွေကတော့ အားရစရာပါ.။
ဘဏ်အသီးသီးက ဖွင့်လှစ်ထားတဲ့ တရားဝင်ငွေလဲလှယ်နိုင်တဲ့  စနစ်နဲ့  လုပ်ဆောင်နေပါတယ်.။အဲကွန်းခန်းထဲမှာ ဘဏ်အသီးသီးက တရားဝင်ငွေလဲလှည်ကောင်တာတွေမှာ လူတွေအများကြီးတန်းစီနေတာကိုတွေ့ ရပါတယ်.။
       ကျနော် CB ဘဏ်ကောင်တာမှာ ငွေလဲရန်သွားပါတယ်.။ကောင်တာရှေ့ ကိုရောက်တော့  လူတစ်ယောက်ကို ဒေါ်လာ နှစ်ရာသာလဲလှယ်ပေးပါတယ်တဲ့ .။ဈေးနှုန်းကတော့  အပြင်ပေါက်ဈေးထက် တစ်ဆယ့်ငါးကျပ်လောက်များပါတယ်။ ဒါပေမယ့် ဈေးကိုသာဖွင့်လှစ်ထားတာပါ လိုချင်သလောက်လဲလှယ်လို့ မရနိုင်ပါဘူး.။တစ်ယောက်ကို ဒေါ်လာနှစ်ရာသာလဲလှယ်ပေးပြီး မှတ်ပုံတင်ကို ထပ်ထားရပါတယ်.။
         မှတ်ပုံတင် အထပ်လိုက်ကိုစားပွဲပေါ်မှာ  အများကြီးတွေ့ ရပါတယ်.။အချိန်အားဖြင့်တော့  တော်တော်ကြာမယ့်ပုံပါပဲ.။ဒါပေမယ့် မတတ်နိုင်ဘူးလေ.။အပြင်ဈေးထက် 15 ကျပ်လောက်ကွာနေတော့  အများရတဲ့ နေရာမှာလဲရတော့မှာပေါ့.။တစ်ယေက်ကို န်စ္ရာ ဆိုရင္လဲ န်စ္ရာပဲ လဲလှယ်ရတော့မှာပေါ့ဗျာ..။ဒါနဲ့ ပဲ ကျနော်မှတ်ပုံတင်လေးထပ်ပြီး အများတန်းစီနေသလို တန်းစီနေလိုက်ပါတယ်.။
             အဲ ဒီလို အချိန်မှာ စိတ်ထဲ မှာဒေါသထွက်စရာမြင်ရပါတော့ တယ်.။ လူတစ်ယောက်ပေါ့..ပြောရရင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဝင်လာပါတယ်.။အများက သတိထားမိသလို ကျနော်လဲ သတိထားမိပါတယ်.။အဲဒီ ရုပ်ရှင်နဲ့  ဗွီဒီယိုသရုပ်ဆောင်တစ်ယောက်က အများလိုတန်းမစီပါဘူး.။မှတ်ပုံတင်လဲ မပါလာပါဘူး.။ကောင်တာရှေ့ ကို လျောက်သွားပြီး ကောင်တာက ဝန်ထမ်းတစ်ယောက်ကို မှတ်ပုံတင်မပါလာတဲ့ အတွက် ကားလိုင်စင်နဲ့ ရပါသလားမေးပါတယ်.။ကောင်တာက ဝန်ထမ်းကလဲ ချိုသာစွာအပြုံးနဲ့  ရပါတယ်လို့ုပြောတယ်.။ဒါဆိုရင် အခု ဒေါ်လာငါးရာလဲချင်တယ်ဆိုပါတယ်.။ ကောင်တာက ဝန်ထမ်းကလဲ ချက်ခြင်းပဲ ဒေါ်လာငါးရာကို သူတို့ ဘဏ်က လက်ရှိဖွင့်ထားတဲ့ ဈေးနဲ့ လဲလှယ်ပေးလိုက်ပါတယ်။အဲဒီ လူကလဲ ငွေကိုလဲလှယ်ပြီး သကာလ အောင်မြင်စွာအပြုံးနဲ့ ပြန်ထွက်သွားပါတယ်.။
         ကျနော့်အလှည့်ကိုရောက်တော့ ကောင်တာကဝန်ထမ်းက ကျနော့်နာမည်ကို ခေါ်ပါတယ်.။ကျနော်ကောင်တာရှေ့ ကိုရောက်တော့ လူတစ်ယောက်ကို ငွေ နှစ်ရာသာလှဲလှယ်နိုင်ကြောင်းပြောပါတယ်.။ကျနော်သေချာလားလို့ မေးလိုက်ပါတယ်။ ကောင်တာဝန်ထမ်းက သေချာပါတယ် ဘယ်သူ့ ကိုမှ ပိုမလဲပေးပါဘူးတဲ့ ..ဒါဆိုရင်...စောစောက ရုပ်ရှုင်နဲ့ ဗွီဒီယိုသရုပ်ဆောင်တစ်ယောက် ဒေါ်လာ ငါးရာလဲလှယ်သွားတယ်..ပြီးတော့ အဲဒီလူတန်းမစီဘူး မှတ်ပုံတင်မထပ်ဘူး..။ကားလိုင်စင်တစ်ခုနဲ့  ခင်ဗျားဆီကို တိုက်ရိုက်လာပြီး ဒေါ်လာငါးရာလဲလှယ်သွားတာ ကျနော်မြင်တယ်..ကျနော်မြင်သလို အားလုံးလဲ မြင်တယ်.။အားလုံးက ဘာမှ မပြောပေမယ့်ကျနော်ပြောတယ်..ဗျာ..ကဲ..။လူတွေ ဒီလောက်တန်းစီနေကြတာ အားလုံးအလုပ်ကိုယ်စီကိုယ်စီရှိကြတယ်..စောစောက ခင်ဗျားအခွင့်ရေးပေးလိုက်တဲ့ လူနဲ့ ကျနော်တို့ တွေနဲ့ ဘာကွာခြားပါသလဲ..အားလုံးအချိန်တွေကိုလုပြီးအလုပ်နေကြတဲ့ လူတွေချည်းပါပဲ..။သူလုပ်နေတဲ့  အလုပ်ကျနော်တို့ လုပ်နေတဲ့ အလုပ်  အလုပ်အမျိုးစားခြင်းသာကွာခြားသွားတယ်..အားလုံးက မြန်မြန်လေး လိုချင်ကြတာချည်းပဲ အားလုံးက အချိန်နဲ့ လုပ်ကိုင်နေကြတာချည်းပဲဗျာ..။ဒီတော့ ခင်ဗျား ပိုက်ဆံငါးရာ ပိုပြီးလဲလှယ်ပေးတဲ့ လူနဲ့ ကျနော်တို့ နဲ့ ဘယ်လို ကွာပါသလဲလို့ မေးလိုက်ပါတယ်.။
  ကျနော် ရစ်တော့ မယ်ဆိုတာ သိတဲ့ ဝန်ထမ်းက ဘာမှပြန်မပြောတော့ ပဲ ခပ်တည်တည်နဲ့ ကျနော်ကို ပိုက်ဆံပြန်ပေးပြီး သူ့ အရာရှိရုံးခန်းကို လက်ညိုးထိုးပြပြီး အရာရှိနဲ့ သွားတွေ့ ပါပြောပါတယ်.။ကျနော်လဲ သူတို့ အရာရှိဆိုသူနေထိုင်တဲ့ ရုံးခန်းကို သွားတယ်.။
 အထဲကိုရောက်တော့  သူတို့ အရာရှိဆိုသူစားပွဲရှေ့ မှာ စောစောက မကျေနပ်ချက်တွေကို ကျနော်ပေါက်ကွဲတော့ တာပေါ့ဗျာ..ခင်ဗျားတို့  သတ်မှတ်ထားတဲ့ စည်းကမ်းက လူအပေါ်လိုက်ပြီးမှ ပြောင်းလဲတတ်တာမျိုးလားလို့ ..စောစောက ခင်ဗျားဝန်ထမ်းက လူတစ်ယောက်ကို ဒေါ်လာနှစ်ရာသာလဲ လှယ်ခွင့်ရှိတယ်..ဘယ်သူမှ ပိုမရဘူးပြောတယ်..လူတွေ အများကြီးမှတ်ပုံတင်ကိုယ်စီထပ်ကာ ကောင်တာရှေ့ မှာတန်းစီနေကြတယ်..ခု ခင်ဗျားမြင်တဲ့ အတိုင်းပဲ..။ဒါပေမယ့် စောစောက ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဝင်လာတယ်..တန်းမစီဘူး..မှတ်ပုံတင်မပါဘူး ကားလိုင်စင်နဲ့  ဒေါ်လာ ငါးရာ လဲလှယ်သွားတယ်.။ကျနော်တို့ အားလုံးမြင်တယ်.။ကဲ အဲဒီင်္လူနဲ့ ကျနော်တို့ နဲ့ ဘာကွာခြားသလဲ မေးတော့ ..အဲဒါက သူ့ ကို ကိုယ်ချင်းစာလို့ ပါတဲ့ ..။ ကဲ ဒါဆိုရင် ခင်ဗျား ကျနော်တို့ တွေကိုရော ကိုယ်ချင်းမစာနိုင်ဘူးလားမေးလိုက်တယ်..ကျနော်တို့ လဲ အလုပ်ကိုယ်စီ ကိုယ်စီလုပ်နေကြတာပဲ ..အလုပ်အမျိုးစားခြင်းသာ ကွာခြားသွားတယ်..တစ်ကယ်တော့ အားလုံး အချိန်နဲ့ လုပ်နေကြတာချည်းပါပဲ..။နောက်ဆုံးကုန်ကုန်ပြောမယ်ဗျာ...အဲဒီနေရာမှာ ရုပ်ရှုင်သရုပ်ဆောင်မကလို့  နိုင်ငံတော်သမတ္တဖြစ်နေပါစေ..အားလုံးတန်းစီ စနစ်ဆိုရင် တန်းစီရမှာပဲ.။ကျနော်လဲ ကြီးကြီးကျယ်ကျယ်ပဲပြောလိုက်တယ်..စိတ်ထဲမှာတော့  ( ဘာရမလဲ ငါကွ ) ပေါ့..။
       ဒီတော့ မှာ ဘဏ်အရာရှိဆိုတဲ့ သူက တောင်းပန်ပါတယ်တဲ့ ..ရှင်ပြောသလို ကျမ တို့ လဲ အဲဒီလို စည်းကမ်းအတိုင်း စနစ်တစ်ကျလုပ်ကိုင်ချင်ပါတယ်တဲ့ ..ဒါပေမယ့်....ဆိုပြီးစကားကို မဆက်ခင်မှာ သူ့ ဘေးက ဝန်ထမ်းတစ်ယောက်က မြန်မာ့နည်း မြန်မာ့ဟန်ပေါ့ ငါ့ ညီရာတဲ့ ..။ကျနော် ဘာမှမပြောလိုတော့ ပါဘူး..။နောက်ဆုံးတစ်ခုတော့ ပြောခဲ့ပါတယ်....ခင်ဗျားတို့ စည်းကမ်းကို ခင်ဗျားတို့ က မျက်နှာလိုက်ပြီးဖေါက်ဖျက်ရင် အခွင့်အရေးပေးမှန်းသိ နောက်ထပ်ပြီးရောက်လာအုံးမှာပါပဲလို့ .....ပြောခဲ့ပါတယ်.။။တစ်ကယ်တော့ အနုပညာရှင်တွေကို ကျနော်လေးစားပါတယ်.အနုပညာကိုလဲ မြတ်နိုးတန်ဖိုးထားပါတယ်..။.။ဒါပေမယ့် အဲဒီလိုလေးစားမှု့ နဲ့  အလုပ်ထဲမှာ စည်းကမ်းကို ဖေါက်ဖျက်ပြီးမှ အခွင့်အရေးပေးလိုက်ခြင်းဟာ မကောင်းပါဘူး..တစ်ခြားကျနော်တို့ လိုတန်းစီနေတဲ့ လူတွေ အချိန်ကို လုပြီး အလုပ်နေကြတဲ့သူတွေအတွက် နစ်နာပါတယ်.။ အဲဒီလို သရုပ်ဆောင်တစ်ယောက်မှာ အာဏာ ပါဝါတွေ၊  အပွင့်တွေ အခက်တွေ မရှိပါဘူး..။အကယ်လို့ များသာ...အဲဒီလူနေရာမှာ စောစောကပြောတဲ့ အပွင့်တွေ အခက်တွေ ပါဝါတွေ အာဏာတွေနဲ့ လူတစ်ယောက်သာဆိုရင် ...............ဆိုတဲ့ အတွေမျိုးနဲ့ ကျနော်လမ်းဆက်လျောက်ရင်းနဲ့  အပြင်မှာ ပေါက်တဲ့ ဈေးနဲ့ တရားဝင်သည်ဖြစ်ဖြစ် မဝင်သည်ဖြစ်ဖြစ် လဲလှယ်ခဲ့ ပါတယ်..။ဈေးကတော့  တစ်ဆယ့်ငါးကျပ်လောက်ကွာတာပေါ့နော...။  ကျနော် ဒီပို့ စ်လေးကို ဖေ့ဘုတ်မှာလဲ တင်ထားဘူးပါတယ်.။