Saturday, 25 August 2012
ကျူးကျော်ခြင်း
            ငါတို့ က အလာပဲရှိတယ်..
                                                                                                    အပြန်မရှိဘူးကွ....
Friday, 24 August 2012
ထူးဆန်းသော တွားသွားသတ္တဝါ မြန်မာနိုင်ငံတွင် ပျံ့ နှံ့ လျက်ရှိ..။
မြန်မာနိုင်ငံတွင်..မကြာသေးမှီက
ပေါ်ထွက်လာသော ထူးဆန်းသည့် တွားသွား သတ္တဝါတစ်မျိုးဖြစ်သည်.။၎င်းတွားသွား သတ္တဝါ
မျိုးစိတ်သစ်သည် အနောက်နိုင်ငံများမှ တစ်ဆင့်ပျံ့ နှံ့ လာခြင်းဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံအတွင်း
မျိုးပွားပြန့် နှံ့ လျက်ရှိကြောင်းသတင်းရ ရှိပါသည်.။ 
ကုန်းဘောင်ခေတ်နှောင်းက ဗမာလူမျောက်မိသား စုပါ... သူတို့ မိသားစုကို နန်းတွင်းမှာ မွေးစားထားပြီး ပါတော်မူပြီးတဲ့ နောက်ပိုင်းမှာ အင်္ဂလန်ကို ရောက်သွားပါတယ်... အဲဒီကနေ တစ်ဆင့် အမေရိကားကို ရောက်ရှိသွားပြီး အမေရိကားမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်... ပြည့်ပြည့်စုံစုံ သိချင်ရင်တော့
http://blog.nyilynnseck.com/2010/04/blog-post_1409.html အဲဒီမှာ ဖတ်နိုင်ပါတယ်
သီချင်းများခံစားမှု့ 
မင်္ဂလာပါ..။
Thursday, 23 August 2012
ပင်တိုင်စံအတွက် အချစ်ရဲ့ အလင်းရောင်..
ပင်တိုင်စံအတွက်
အချစ်ရဲ့ အလင်းရောင်..
မြန်မာ့စောင်းနှင့် တွဲဖက်သီဆိုထားတာ အရမ်းနားထောင်လို့ ကောင်းပါတယ်..။
Wednesday, 22 August 2012
အသက် (၂၀) နှစ်အောက် အမျိုးငယ်များ ဆေးသောက်၍ ကိုယ်ဝန်ဖျက်ချမှု့ များလာ
 ဆေးဆိုင်များတွင် အလွယ်တကူ ဆေးဝယ်ခွင့်ရရှိခြင်းကြောင့် အသက် ၂ဝ အောက် အမျိုးသမီးများ ကိုယ့်သဘောနှင့်ကိုယ် ကိုယ်ဝန်ဖျက်ချမှု ပိုမိုများပြားလာေ ကြာင်း သားဖွားနှင့်မီးယပ်ဆရာဝန် ဒေါက်တာမြင့်မြင့်ကြူက ပြောသည်။
 ”ကိုယ့်သဘောနဲ့ ကိုယ် ဆေးတွေသောက်ပြီး သွေးဆင်း လွန်လို့ဆေးရုံရောက်တာတွေ ပို များလာတာတွေ့ရတယ်။ လူ ငယ်မိန်းကလေးနဲ့ ချစ်သူတွေ လွန်ကျူးမိပြီး ကိုယ်ဝန်ရလာတဲ့ အခါကျမှ ကြောက်လန့်ပြီး ကြား ဖူးနားဝနဲ့ ဆေးဆိုင်တွေမှာ အ လွယ်တကူဝယ်လို့ရတဲ့ သွေးပုပ် ချဆေးတွေ၊ဆေးပြင်းတွေသောက် ပြီး ကိုယ်ဝန် ဖျက်ချတာတွေဟာ အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်” ဟုအထက်ပါဆရာဝန်ကပြောသည်။
ယင်းသို့သော အချိန်မျိုးတွင် ဝမ်းဗိုက်ထဲရှိ ကလေးအသက် အန္တရာယ် ရှိ၊မရှိ အာရ်ထရာဆောင်း ရိုက်ကာကလေးအခြေအနေမကောင်း ပါက သားအိမ်ခြစ်ပစ်ရပြီး ကလေး ဖျက်ချပြီးမှပိုးတစ်ခုခုသားအိမ်၊ သား ဥပြွန်၊ မွေးဖွားရာလမ်းေ ကြာင်းတို့သို့ ဝင်ရောက်သွားပါက သားအိမ်ပြွန် လမ်းကြောင်းပိတ်သွားကာ နောင် အခါတွင် ကလေးရရန် ရာခိုင်နှုန်း နည်းသွားတတ်ကြောင်း ၄င်းက ပြောသည်။
ထို့အပြင် ကလေးပျက် ကျလျှင်လည်း သွေးဆင်းမှုများကာ ရှော့ခ်ရပြီးအသက်အန္တရာယ်ကို ထိ ခိုက်နိုင်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။”ဒီလို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖျက်ချတဲ့သူ တော်တော်များများ က ဆေးပြင်းတွေ၊သွေးပုပ်ချဆေးနဲ့ သား အိမ်ထဲပစ္စည်းထည့်ပြီး ဖျက်ချတာ တွေများတယ်။ ကလေးဖျက်ချတာ ဟာ တချို့လည်း ဘာဆေးသောက် သောက် ပျက်ချင်မှပျက်တယ်။
 အဲဒီ လိုဖျက်ချပြီးမှ မပျက်ခဲ့ရင်လည်း သွေးပုပ်ကအထက်ကိုတက်ပြီး အ သက်ကို အန္တရာယ်ပေး မှာဖြစ် တယ်။ တချို့လည်း သွေးတွေ အများကြီး သွန်တယ်။ တချို့ဆိုလည်း သွေး မဆင်းဘဲ ရောဂါပိုးက မွေးလမ်း ကြောင်းထဲဝင်ပြီး ဒုက္ခရောက်နိုင် တယ်” ဟု ၄င်းက ပြော သည်။ယင်းသို့ ကောင်းကျိုး မရှိ သော နည်းလမ်းမျိုးကို မဖြစ်ခင် ကကြိုတင်ကာကွယ်သင့်ကြောင်း၊ ခေတ်လူငယ်မိန်းကလေးများ လက်မထပ်ခင်လွန်လွန်ကျူးကျူး မနေထိုင်သင့်ကြောင်းနှင့် အိမ် ထောင်သည်တွေအနေနှင့်လည်း ကလေး မလိုချင်သည့်အတွက် တားမည်ဆိုပါကလည်း သေချာ ကျွမ်းကျင်သည့် ဆေးဘက်ဆိုင် ရာပုဂ္ဂိုလ်များနှင့်တိုင်ပင်ပြီး တား သင့်ကာတားသည့်ကြားမှ ကိုယ် ဝန်ရခဲ့ပါကလည်း မိမိသဘောနှင့် မိမိ ဖျက်ချခြင်းမလုပ်သင့်ကြောင်း ကို ၄င်းက အကြံပေးပြော သည်။
ချစ်ဆုဆွေ (ပေါ်ပြူလာဂျာနယ်)
***အင်တာနက် မင်းသမီး မဖြစ်စေဖို့ ***(အမ ညီမ အန်တီ....မိန်းကလေးများ ဖတ်ပေးပါရန်)
အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။
နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။
အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။
ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။
ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။
* ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။
* ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။
* ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။
အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။
ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။
* ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။
အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။
* ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။
cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။
* ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။
vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။
ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။
မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)
၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။
ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။
* ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။
တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။
ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။
* ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။
* ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူုမျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။
မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။
ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။
အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။
remark......ခုတလောပျံနှံနေတဲ့....ညမွှေးပန်းရနံ့များ..ရေမွှေးနံ့ရောစွက်ခြင်းမှကင်းကြပါစေ
ရေးသားသူ ။ ။ ကိုလုံ....၈-၇-၂၀၁၂
Tuesday, 21 August 2012
အနုပညာလှုပ်ရှားမှုမှတ်တမ်း
ယုဇန- အော်ဇီကနေ ပြန်လာတဲ့ တေးသံရှင်ယုဇနက ဘယ်သူမဆို  ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ချစ်ကြတာပါပဲလို့ ပြောလာပါတယ်။ အချိန်တန်တော့ အမိမြေကို သတိရတာပဲလို့လည်း ပြောရဲ့။
 မို့မို့မြင့်အောင်- ဒီလထဲ ဘန်ကောက်ကိုသွားပြီး မော်တော် ကားကြော်ငြာရိုက်မယ်။ ပြီးရင် ကျန်းမာရေး စစ်ဆေးမှုလုပ်မယ် ဆိုပါတယ်။ မို့မို့မြင့်အောင်ဟာ ထာဝရမန္တလေးအမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက် ကူးဦးမှာပါ။
အေသင်ချိုဆွေ- ပြေတီဦးက အိမ်ထောင်သည်။ အဲဒီလို အိမ် ထောင်သည်နဲ့မှ ချစ်မိတဲ့ ဇာတ် ကောင်အဖြစ် ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ပန်းဆွတ်ပိုးဗီဒီယိုကား မှာ ပါဝင်ထားပါတယ်။
 မိုးဟေကို- ရာဇာနေ၀င်းရဲ့ မိခင်  ဒါရိုက်တာခိုင်မြတ်အောင်နဲ့ ရုပ်ရှင်ကားကြီးရိုက်နေတဲ့ မိုးဟေကို   က အန်တီခိုင်မြတ်အောင်က အမျိုးသမီးဒါရိုက်တာဖြစ်တာမို့  ပိုပြီးစေ့စပ်တယ်လို့ ပြောပါတယ်။ ဇာတ်ကားအမည်က ပတ္တမြားခဲ ဖြစ်ပါတယ်။
 http://www.hotnewsweekly.com/archives/9487 မှ ဖေါ်ပြပါသည်.။
Monday, 20 August 2012
မွေခံထိုက်စေ........
ပုံပြင်လေးတစ်ပုဒ်ပြောပြလိုပါတယ်.။ဒီပုံပြင်လေးက ကျနော်ငယ်ငယ်က ကျနော့်မေမေပြောပြဘူးတဲ့ 
ပုံပြင်များထဲက ကျနော်နှစ်သက်စွဲလမ်းခဲ့ တဲ့  ပုံပြင်လေးတစ်ပုဒ်ပါ.။ဒီအိပ်ယာဝင် ပုံပြင်လေးကို ကျနော် (မွေခံထိုက်စေ..)
လို့ အမည်နာမ ပေးလိုက်ရပါတယ်..။
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်....ရွာတစ်ရွာမှာ အဖိုးအို  အဖွားအိုလင်မယားနှစ်ယောက်ဟာ အသက်ရွယ်ကလဲကြီး  သားသမီးကလဲ  လိုချင်ပါရက်နဲ့  မထွန်းကားခဲ့လေတော့ ..အိမ်မှာ ခွေးမလေးတစ်ကောင်ကို သားသမီးအမှတ်နဲ့ မွေးစားလို့  ယုယုယယ ချစ်ခင်နေရ ရှာတာပေါ့ကွယ်.။
        ခွေးမလေးလဲ တဖြည်းဖြည်းနဲ့  မီးကောင်ပေါက်အရွယ်လေးရောက်လာတော့  တနေ့ မှာ ခွေးမလေး
ကိုယ်ဝန်ရှိလာတော့ တာပေါ့ဗျာ..ဒီလိုနဲ့ ခွေးမလေးကို အဖိုးနဲ့ အဖွားအို လင်မယားနှစ်ယောက် ဂရုတစိုက်နဲ့ ကြွေးမွေးလာကြရင်းနဲ့   ခွေးမလေးလည်း  နေ့စေ့လစေ့ မီးဖွားချိန်တန်တော့  အဖိုးအိုတို့ လင်မယားနှစ်ယောက်ဟာ   ခွေးမလေးကို  မီးဖွားနိုင်ဖို့ အရေး  အိမ်အောက်တစ်နေရာမှာ နေရာထိုင်ခင်းလေးလုပ်ပေးလို့  ည အိပ်ယာဝင်ကြတာပေါ့.။
        ဒီလိုနဲ့  ည သန်းခေါင်ယံ  အချိန်ရောက်လာတော့  အိမ်အောက်က ( အူဝဲ.....အူဝဲ.....) နဲ့ ကလေးငိုသံတွေကြားရသတဲ့ ကွယ်.။
အဖိုးအို။။            ။။ ဟဲ့  ဟဲ့ ....မိန်းမ  ထစမ်းပါအုံး..ငါကလေးငိုသံကြားရတယ်..နားထောင်စမ်း..နားထောင်စမ်း..။
အဖွားအို.။။        ။။ အေး....ကျူပ်လဲကြားရတယ်တော်..။အဲဒါပြောမလို့ ...နားထောင်နေတာ..
လာ  လာ  ငါတို့ အိမ်အောက်ဆင်းကြည့်ရအောင်...
    အဖိုးအိုနဲ့  အဖွားတို့ လင်မယားနှစ်ယောက် အိမ်အောက်ထပ်ကိုဆင်းကြည့်လိုက်တော့ ....ထူးဆန်းဖွယ်ရာတွေ့ လိုက်သတဲ့ ..သူတို့ မွေးထားတဲ့ ခွေးမလေးက
ထူးထူးဆန်းဆန်း လူသားမိန်းကလေးနှစ်ယောက်ကို မွေးဖွားထားတာ တွေ့ လိုက်ရသတဲ့ ဗျာ..
အဖိုးအို..။။      ဟာ.....ထူးဆန်းလိုက်တာ  အဖွားကြီးရေ...ငါတို့ မှာ သားသမီးလိုချင်ပါရက်နဲ့ .သားသမီးမရခဲ့ 
                 ဘူး..ခုတော့  သားသမီးတွေ အသက်ကြီးမှ ရတယ်ကွာ...ခွေးမလေးကို ကျေးဇူးတင်ရမယ်..။
အဖွားအို..။။      အို.....ဟုတ်ပတော်..ကျုပ်တို့ မှာ သားသမီးကလဲ မရှိ..ခုတော့  ကျူပ်တို့ အတွက် သားသမီးရ
                       ပြီတော်..ပျော်လိုက်တာ အဖိုးကြီးရယ်...။
ဒီလိုနဲ့  အဖိုးအိုတို့ လင်မယားနှစ်ယောက်ဟာ ပထမဆုံးကြည့်မိတဲ့  လူသားမိန်းကလေးကို( မကြီး) လို့ 
နာမည်ပေးပြီး  နောက်မှကြည့်မိတဲ့  မိန်းကလေးကိုတော့ (  မငယ်)   လို့ နာမည်ပေးလိုက်သတဲ့ကွယ်..။
မကြီးနဲ့ မငယ်တို့   ညီအမ နှစ်ယောက်မှာ  တစ်မိခင်ထဲ  တစ်ချိန်ထဲမှာ မွေးဖွားတယ်ဆိုပေမယ့်  အကျင့်
စရိုက်ချင်းကတော့  လုံးဝ မတူညီကြဘူး..။မကြီးက မာနကြီးတယ်..ဘဝင်မြင့်တယ်..ကိုယ့်ကိုယ် ကိုယ် အထင်ကြီးပြီး သနားညှာတာတတ်ခြင်းကင်မဲ့ တယ်..။ မငယ်ကတော့  ရိုးသားအေးဆေးတယ်..တည်ငြိမ်တယ်..။ မာန မရှိဘူး..သတ္တဝါများအပေါ်မှာ သနားကြင်နာတတ်တဲ့ 
နှလုံးသားရှိတယ်.။ညီအမ နှစ်ယောက်ရဲ့ အကျင့်စရိုက်ဟာ လုံးဝခြားနားရင်း  အရွယ်ရောက်လာတော့  အဖိုးအို နဲ့ အဖွားအိုလဲ  အသွင်စရိုက်ခြင်းမတူညီတဲ့  ညီအမ နှစ်ယောက်ကို လောကအလယ်မှာ ထားရစ်ခဲ့ လို့  သင်္ခါရသဘော မလွန်ဆန်နိုင်တော့ တဲ့ အတွက် ဘဝ တစ်ပါးသို့ ပြောင်းရွေ ကွယ်လွန်သွားကြတာပေါ့.။
ဒီလိုနဲ့  မကြီးနဲ့ မငယ် ဟာ  အချိန်တန်အရွယ်လေးတွေရလို့  သီးချိန်တန်လို့  သီးကြပွင့်ကြတော့ ..မကြီးက
မြို့ ပေါ်က လူကုန်ထံအသိုင်းဝိုင်းက သဌေးသားတစ်ယောက်နဲ့  ရေစက်ဆုံကာ ချမ်းချမ်းသာသာနဲ့ နေထိုင်ကြသတဲ့ ..။
 မငယ် ကတော့  ရိုးသားကြိုးစားစွာလုပ်ကိုင်စားသောက်ရင်း သာမန်ဆင်းရဲသားလေး တစ်ယောက်နဲ့ ရေစက်ဆုံလေတော့  ဘဝကို ခက်ခက်ခဲခဲ နဲ့  ကန်စွန်းရွက်လေး အသီးနှံ့ လေးရောင်းချစား
သောက်ရင်း ဘဝကို ဆင်းရဲတွင်းက ရုန်းကန်နေရ ရှာတယ်..။
              မကြီးနဲ့ မငယ်တို့ ရဲ့ မွေးမိခင်အရင်း  ခွေးမလေးခမျာလဲ အသက်ရွယ်ကြီးပြင်းလို့  ဇရာထောင်းကာ
ခွေးအိုမကြီး အဖြစ်ရောက်ရှိနေခဲ့ပြီ.။ အသက်ရွယ်ကလဲကြီး အရင်ကလို သွက်သွက်လက်လက် မလှူပ်နိုင်မရှားနိုင်တဲ့  ခွေးအိုမကြီး စဉ်းစားနေမိတာက......( အင်း ...ငါ့သားသမီး နှစ်ယောက်မှာ အကြီးမ
မကြီးကတော့  ချမ်းချမ်းသာသာနဲ့  သဌေးကြီးကတော်ဖြစ်နေတယ်..ငါ့သမီး အငယ်မ မှာတော့ ..ဆင်းဆင်းရဲရဲနဲ့   ဈေးမှာ ကန်စွန်းရွက်လေး အသီးနှံ့ လေးရောင်းချစားသောက်လို့  ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရ ရှာတယ်.. ငါမသေခင်လေးတော့  ငါ့သမီး နှစ်ယောက်မျက်နှာလေးတွေကို ငါ တဝကြီးကြည့်ချင်လိုက်ပါဘိကွယ်...ငါ့သမီးလေးနှစ်ယောက် မျက်နှာကို ငါမသေခင်လေးမြင်ခွင့်ရ ရင်တော့ ငါသေပျော်ပါပြီ...) အဲဒီလိုနဲ့   ငါ့သမီးကြီးဆီကို အရင်သွားကြည့်အုံးမှပဲလို့ တွေးပြီး သမီးကြီး  မကြီးဆီကို တစ်ရွေ့ ရွေ့ နဲ့ ထွက်ခွါခဲ့တယ်.။အဲဒီနေညနေခင်းမှာ..မကြီးရဲ့ မွေးနေ့ ပွဲကို  မကြီးတို့ ခြံကျယ်ကြီးထဲမှာ ခမ်းခမ်းနားနားနဲ့ ကျင်းပနေချိန်ပေါ့.ရောင်စုံမာကျူရီမီးတွေကြားမှာ ငြိမ့်ညောင်းတဲ့  ဂီတသံတွေနဲ့  မွေးနေ့ ပွဲကြီးဟာ ခမ်းနားထည်ဝါလှပါတယ်.။မွေးနေ့ ပွဲကို တက်ရောက်လာကြတဲ့ 
လူကုန်ထံအသိုင်းဝိုင်းက သဌေးတွေ  ဂုဏ်သရေရှိလူကြီးလူကောင်းဆိုသူတွေနဲ့ ပြည့်နှက်လို့ ပျော်ပျော်ပါး
ပါးနဲ့  မွေးနေ့ ပွဲကိုဆင်နွဲနေကြချိန်ပေါ့ဗျာ.။
   မိခင်ခွေးအိုမကြီးခမျာ..အိမ်နောက်ဖေး ခွေးတိုးပေါက်က မဝံ့ မရဲတိုးဝင်ရင်း  ပြုံးပျော်နေတဲ့  သမီး
အကြီးဖြစ်တဲ့  မကြီရဲ့ မျက်နှာလေးကို ငေးကြည့်ရင်း ရင်ထဲမှာ ပီတိတွေနဲ့ ဝေလို့ ပေါ့.။
   အဲဒီလို အချိန်မှာ  မွေးနေ့ ရှင်ဖြစ်တဲ့  မကြီး ဟာ  မိခင်ခွေးအိုမကြီးကို ရုတ်တရက်မြင်လိုက်တယ်ဆို၇င်ပဲ..
အထိန့် တလန့် ဖြစ်သွားကာ....( ဟယ်....အမေပါလား....မဖြစ်ဘူး  မဖြစ်ဘူး..ဒီကိစ္စအမြန်ဆုံးရှင်းမှဖြစ်မယ်.
ငါ့ကို ဒီခွေးမကြီးက မွေးတဲ့  ခွေးသမီးလို့ လူအများသိသွားလို့ မဖြစ်ဘူး..တကယ်လို့ သိသွားရင် ငါလူဘုံအလယ်မှာ အရှက်ရမယ်..သိက္ခာကျမယ်..ဒီမြို့ က သဌေးကတော်ဆိုတဲ့ နာမည်တစ်လုံးနဲ့  နေလာတာ...ခွေးက မွေးတဲ့ ခွေးသမီးလို့  အသိခံလို့ မဖြစ်ဘူး.။ငါ့ယောက်ကျားသိသွားရင်လဲ ငါ့ကို အိမ်ပေါ်က နှင်ချရင် ငါသဌေးကတော်ဘဝက စွန့် လွတ်ရမှာ..မဖြစ်ဘူး..ဒီတော့  ဒီကိစ္စ အပြတ်ရှင်းမှ ရမယ်..)  အဲဒီလိုတွေးပြီး..ခြံထဲက သူ့ လူတွေကို အမိန့် ပေးလိုက်တယ်..( ဟဲ့ ...ဟိုမှာ ဘယ်က ခွေးလေ ခွေးလွင့်တစ်ကောင် ငါ့ခြံထဲရောက်လာတာလဲ..
ငါ့မွေးနေ့ ပွဲမှာမြင်ရတာ ကျက်သရေမရှိဘူး..ဒီခွေးလေ ခွေးလွင့်ကို ရိုက်ထုတ်လိုက်ကြစမ်း..)  အဲဒီလို
အမိန့်ပေးလိုက်တော့ ခြံစောင့် တွေက မညှာမတာ ဝိုင်းရိုက်ကြတာပေါ့ဗျာ..။ခွေးမကြီးခမျာမှာ အသက်ကလဲကြီး..သွက်သွက်လက်လက်လဲ မပြေးနိုင်ရှာတော့  သူတို့ ဝိုင်းရိုက်သမျှ  တဂိန်ဂိန်အော်မြည်ရင်း  ရှိတဲ့ အားလေးနဲ့ ရုန်ကန်ပြေးရရှာတယ်..။
          နောက်တစ်နေ့  မိုးလင်းခါနီးတော့  မငယ်တစ်ယောက် နိစ္စဓူဝ အလုပ်ဖြစ်တဲ့ ကန်စွန်းရွက်တောင်းကို
ခေါင်းပေါ်မှာ ရွက်လို့ ဈေးထဲကို ဈေးရောင်းထွက်လာတာပေါ့..။လမ်းဘေးတစ်နေရာမှာ ဒဏ်ရာတွေ ဗလပွနဲ့  ခါးတစ်ပိုင်းကျိုးပြီး  အော်ညည်းနေရှာတဲ့  ခွေးအိုမကြီးကို မငယ်မြင်တွေ့ လိုက်ရချိန်မှာ....
( ဟယ်....ငါ့အမေပါလား..ဘယ်သူတွေများ ငါ့အမေကို ဒီလောက်ရက်စက်လိုက်ကြတာလိမ့်..ငါအိမ်ကိုခေါ်သွားမှဖြစ်မယ်..) ဒီလိုနဲ့  မိခင် ခွေးအိုမကြီးကို ပွေ့ ပိုက်လို့  မငယ်အိမ်ကိုပြန်လာခဲ့တယ်..အိမ်ကိုရောက်တော့  မိမိလင်ယောက်ကျား
ဖြစ်သူကို (  ယောက်ကျားရေ...ဒါဟာ  ငါ့အမေပဲ...ငါဟာ ဒီခွေးအိုမကြီးက မွေးလိုက်တာပါ..ငါ့ရဲ့ ကျေးဇူးရှင်
မိခင်ကြီးပါ ) အဲဒီလို ပွင့်ပွင့်လင်းလင်းပြောလိုက်ပါတယ်.။မငယ်ရဲ့ ယောက်ကျားက  ဆင်းရဲပေမယ့်
အင်မတန်ရိုးသားဖြောင့်မတ်တဲ့  လူတစ်ယောက်ဖြစ်တဲ့ အတွက်..( မငယ်.. အမေဆိုတာလေ..ဘယ်လိုဘဝ
ဘယ်လိုအခြေနေကိုပဲ ရောက်နေပါစေ..အမေ ဟာ  အမေပါပဲကွာ..ဒီတော့ မင်းအမေဆိုရင်လဲ  ဒါဟာ
ငါ့အမေပါပဲ..ငါတို့ နှစ်ယောက်စလုံး အမေ့ ကိုပြုစုကြစို့ ..)
                ဒီလိုနဲ့  မငယ်တို့ လင်မယားနှစ်ယောက် မိခင်ခွေးအိုမကြီးကို ဆေးဝါးတွေနဲ့ သေသေချာချာကုသပေးကြပါတယ်..ဒါပေမယ့် ခွေးအိုမကြီးခမျာမှာ
အသက်ကလဲကြီး ဒဏ်ရာတွေကလဲ ပြင်းထန်လွန်းတာကြောင့်  နောက်ဆုံးသေခါနီးဆဲဆဲမှာ ....
   ( သမီးမငယ်..အမေ သမီးတို့ လင်မယားနှစ်ယောက်ကို အမေ မသေခင်လေး မှာ ကြား ထားခဲ့ မယ်.သေသေချာချာ နားထောင်ကြ...အမေ  သေသွားပြီးရင်  အမေ့အလောင်းကို
သမီးတို့ အိမ်ဂေါင်းရင်းမှာ မြုတ်ပေးပါ..(၇) ရက်ပြည့်တဲ့ နေ့  အမေ့အလောင်းကို သမီးတို့ ပြန်ပြီး တူးဖေါ်ကြည့်ကြ..ထူးခြားတာမြင်ရလိမ့်မယ်..) လို့ မှာကြားခဲ့ ပြီး ခွေးအိုမကြီး သေသွားပါလေရောတဲ့ ဗျာ..
    အဲဒီလိုနဲ့ (၇) ရက်မြောက်တဲ့ နေ့ မှာ...မိခင်ခွေးအိုမကြီးမှာထားတဲ့ အတိုင်း အိမ်ဂေါင်းရင်းက မြုတ်နှံ့ ထားတဲ့ မိခင်ခွေးအိုမကြီးအလောင်းကိုပြန်ဖေါ်လိုက်ချိန်မှာတော့ ..ထူးခြားဆန်းကြယ်
လှတဲ့  အချင်းရာကိုမြင်လိုက်ရတယ်..ခွေးအိုမကြီး အရိုးတွေဟာ ရွှေသားအတိဖြစ်နေတာကို မြင်လိုက်ကြရတာပေါ့..။
                  ( ဟာ....ထူးဆန်းတယ်ဟေ့ ..ငါတို့ အမေက  ငါတို့ ကို အမွေပေးလိုက်တာပဲ..ငါတို့ သဌေးဖြစ်ပြီ.
မငယ်ရေ...နင်လဲဈေးရောင်းစရာမလိုတော့ ဘူးကွ..ငါလဲ ဆင်းဆင်းရဲရဲ နဲ့ လုပ်ကိုင်စရာမလိုတော့ ဘူး.
ဟားးး ဟားးး သဌေးဖြစ်ပြီဟေ့ ..)
              ဒီသတင်းဟာ တစ်ဖြည်းဖြည်းချင်းနဲ့ ထင်ပေါ်ကျော်ကြားသွားပြီး သမီးအကြီး မကြီး ဆီကို
ပေါက်ကြားသွားတော့ တယ်..။မကြီး က မငယ်ဆီကို အတင်းရောက်လာပြီး အမွေတွေကိုခွဲပေးဖို့ ပြောပါ
တော့တယ်..။မငယ်က  (နင်တစ်ချိန်တုန်းကတော့ ငါ့အမေကို အမေမှန်းမသိ..ငွေဂုဏ် ဓနဂုဏ်တွေမောက်
ပြီး ငါ့အမေကို နင်ရက်ရက်စက်စက်ရိုက်သတ်ခဲ့တယ်..ခုတော့ မှ အမေ့အမွေလာခွဲတယ်..နင်မတရားဘူး
နင့်ကိုငါမပေးနိုင်ဘူး နင် ငါ့ခြံထဲက ခုထွက်သွား  အမိုက်မ ) လို့ ပြောဆိုလွတ်လိုက်တာပေါ့..
   မကြီးက ဇွဲမလျော့ဘူး..တရားသူကြီးဆီကိုသွားပြီး အမွေခွဲဝေပေးဖို့  တိုင်ကြားပါလေရောတဲ့ ဗျာ..ဒီတော့ တရားသူကြီးက..(  ကဲ..ကဲ...မငယ်..မိဘ အမွေဆိုတာ သားသမီးနဲ့ 
ဆိုင်တယ်..သားသမီးနှစ်ယောက်ရှိရင်  နှစ်ယောက်ခွဲယူရတယ်..ဒီတော့  နင်တို့ မှာ  ညီအမ  နှစ်ယောက်
ဖြစ်နေတဲ့ အတွက်  နှစ်ယောက်ညီတူမျှတူခွဲဝေလို့  ယူစေ.......)  အမိန့် ချမှတ်လိုက်ပါတော့ တယ်..။
                တရားသူကြီးရှေ့ မှာပဲ. အမွေကို ညီတူမျှတူခွဲဝေယူတဲ့  အခါ ထူးခြားခြင်းတွေဖြစ်ပေါ်လာပါတယ်..
မငယ်လက်ထဲကနေပြီး..မကြီးလက်ထဲကို ရောက်သွားတဲ့  ရွေသားတွေဟာ..ခွေးရိုးတွေပြန်ဖြစ်သွားကြတယ်.
မကြီးလက်ကနေပြီး  မငယ်လက်ထဲ ပြန်ထည့်လိုက်ချိန်မှာ ရွှေစင် ရွှေသားပြန်ဖြစ်သွားကြပြန်တယ်.။
မကြီးရဲ့ ပိုင်ဆိုင်မှု့ ဆိုပြီး မကြီးအတွက်ခွဲဝေလိုက်တိုင်းမှာ  ရွှေသားစင်စစ်ကနေပြီး  ခွေးရိုးတွေပဲပြန်ဖြစ်သွား
တာကို တရားသူကြီးကိုယ်တိုင် ထူးထူးခြားခြားမြင်တွေ့ နေရပြီပေါ့..။
                 နောက်ဆုံးမှာတော့ တရားသူကြီးက အမိန့် ကိုပြန်လည်ပြင်ဆင်လိုက်ပါတယ်..။မိဘ အမွေဆိုတာ..မွေခံထိုက်သူနဲ့ သာ  သက်ဆိုင်ပါတယ်..။သားသမီးတိုင်း မိဘ အမွေကို ခံယူထိုက်တာမဟုတ်ပါဘူး..မွေခံထိုက်တဲ့  သားသမီးမှသာ  မိဘ အမွေကို ရသင့်တဲ့ အတွက်...မိဘ အမွေကိုခံယူထိုက်တဲ့   မငယ်  သာလျှင် မွေခံထိုက်သော သမီးဖြစ်သည့်အတွက် ရရှိသော အမွေအားလုံးကို
မငယ်အားပေးစေပြီး ဒီမြို့ တွင် သဌေးစာရင်းဝင်အဖြစ် အသိမှတ်ပြုလိုက်ပြီဖြစ်ကြောင်း..အမိန့် ချမှတ်လိုက်လေတော့ သတည်းး.။မငယ်တို့ လင်မယားလဲ ပျော်ရွင်စွာနဲ့ 
သေတပန်သက်တစ်ဆုံး ပေါင်းသင်းနေထိုင်သွားကြသတဲ့ ကွယ်..
 ဒီပုံပြင်လေးကတော့  ကျနော်ငယ်ငယ်က မေမေပြောပြတဲ့ ပုံပြင်လေးဖြစ်ပါတယ်..ဒီပုံပြင်လေးကို ဖတ်ရှူ့ ကြတဲ့ စာဖတ်သူညီကို မောင်နှမများရွင်လန်းချမ်းမြေ့ ကြပါစေ..
                              မင်းစိုး  ( ခံစားတင်ပြပါသည်..။)
ချန်ပီယံမဖြစ်ရင်နေပါစေ....ပညာရေးအတွက်သာ အဓိကပါ
တရုတ်ပြည်အိုလံပစ် camp သွင်းလေ့ကျင့်ရာက ပုံတစ်ပုံပါ ။ တရုတ်ပြည် Nanning ပြည်နယ်က Nanning Gymnasium လို့ခေါ်တဲ့ ကစားလေ့ကျင့်ရုံမှာ များစွာသော စည်းမဲ့ အညှာအတာမဲ့တဲ့ လေ့ကျင့်မှုတွေနဲ့ကလေးတွေကိုလေ့ကျင့်ပေးခဲ့တယ် ။ အဲဒီမှာ မိဘတွေကလည်း သူတို့ကလေးတွေ ချန်ပီယံဖြစ်ဖို့အတွက် သူတို့ကလေးတွေကို ပြင်းထန်စွာ လေ့ကျင့်စေခဲ့ကြတယ် ။ ဒီလုပ်ရပ်နဲ့ပတ်သတ်ပြီး တစ်ကမ္ဘာလုံးက ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့အစည်းတွေကနေ တရုတ်ပြည်ကို ပြင်းထန်စွာ ပစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို ချန်ပီယံရဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့အညှာအတာမဲ့စွာ လေ့ကျင့်စေခြင်းဟာ အရမ်းကို ပြင်းထန်လွန်းတယ်လို့ဆိုပါတယ် ။
သက်တန့်ချို
Chinese News
တစ်ခါတစ်လေ....
သိတိုင်းလည်း အကုန်မပြောနဲ့ 
တစ်ခါတစ်လေ တိတ်ဆိတ်နေရတယ်..
ဒါမှ လူတွေနဲ့ အဆင်ပြေမယ်..
သဘောထားလဲ အရမ်းမကောင်းနဲ့ 
တစ်ခါတစ်လေ ဒေါသ ထွက်ပြရတယ်..
ဒါမှ ကိုယ့်ကိုကိုယ်  ကာကွယ်နိုင်မယ်..
အရမ်းလဲ မနှိမ့်ချနဲ့ 
တစ်ခါတစ်လေ မာန ရှိရတယ်..
ဒါမှ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ ရှိမယ်..
ချစ်တိုင်းလဲ အလိုမလိုက်နဲ့ 
တစ်ခါတစ်လေ ရန်ဖြစ်ရတယ်..
ဒါမှ သံယောဇဉ်ပိုရှိကြတယ်..။
Visa ကုမ္ပဏီမြန်မာပြည်ဝင်တော့မည်
အကြွေးစနစ်အပြင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်း Visa ကုမ္ပဏီ ဟာ မြန်မာနိုင်ငံမှာ ဝင်ရောက်ရင်းနှီးမြှပ်နှံဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ လတ်တလောမှာတော့ အင်တာနက် နည်းပညာအသုံးပြုပြီး ငွေအလွှဲ အပြောင်း လုပ်ရမယ့် နည်းပညာတွေကို မြန်မာနိုင်ငံက ဘဏ်ဝန်ထမ်းတွေကို သင်တန်းတွေ ပေးနေပြီ ဖြစ်ကြောင်း အစီရင်ခံစာတစ်ခုကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ လျော့ချပေးလိုက်ပြီးနောက်ပိုင်း နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်မှုတွေများလာတာကြောင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းတွေ ပွင့်လာတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသား ခရီးသွားတွေဟာ ခရီးသွားလာရာမှာ ငွေသားချည်းပဲ မသယ်ဆောင်လိုကြပဲ အကြွေးစနစ် ကဒ်၊ ဘဏ်ကဒ်ပြားတွေကိုသာ သယ်ဆောင်လိုကြတယ်လို့ဆိုပါတယ်။ ဗီဇာကုမ္ပဏီရဲ့ အရှေ့တောင်အာရှဒေသ တာဝန်ခံ Peter Maher က - သူတို့ကုမ္ပဏီအနေနဲ့ လတ်တလော မြန်မာနိုင်ငံမှာ ငွေထုတ်ယူနိုင်တဲ့ ATM စက်တွေ တပ်ဆင်နိုင်ရေး နဲ့ အင်တာနက်သုံးပြီး ငွေအလွှဲအပြောင်း လုပ်နိုင်မယ့် စနစ်ကို အရင်ဆုံး အကောင်အထည်ဖေါ်သွားမယ်လို့ ဆိုပါတယ်။
သဒ္ဒါလွန်ကဲ ပညာနည်းက တစ်လွဲကြည်ညို၏.။
တစ်ခုခုပြောချင်တယ်.
ကြည့်လိုက်ရတဲ့ movie ဖိုင်လေးကြောင့်ရင်ထဲမှာ တော်တော်ပဲ အံသြမိပါတယ်.။ဒီလိုအနေထားတွေ
မြန်မာပြည်ထဲမှာ ဘယ်လောက်တောင်များခဲ့ သလဲ..။ဒီလိုအနေထားမျိုးတွေရော လက်ရှိဖြစ်ပေါ်နေဆဲလား.။
ဘာသာခြား တစ်ယောက်ယောက်ရှေ့ မှာ ကျနော်တို့ ဘယ်လိုမျက်နှာပြရမလဲ.။နောက်တစ်ခု ချဲထီ ၊ နှလုံးထီ
ဆိုတဲ့ လောင်းကစားကြောင့် ဘာသာရေးအတွက်ပါလမ်းလွဲလိုက်နေသူတွေကို စိတ်ပျက်ဖွယ်ရာကျနော်
မြင်ဖူးခဲ့ ပါတယ်.။.ဘာသာရေးကို ဗန်းပြပြီး လောင်းကစားလုပ်ကြတဲ့  ရဟန်းအတု ရဟန်ုးအယောင်ဆောင်တွေ နောက်ကို မျက်ကန်းတောတိုး ဘာသာရေးအကြောင်းနကန်းတစ်လုံးမသိပဲ
ချဲထီပေးတဲ့ ဘုန်းကြီး  နှလုံးထီပေးတဲ့  ဘုန်းကြီးတန်းခိုးကြီးသတဲ့ ဗျာ..။နားနဲ့ ဆတ်ဆတ်ကြားလိုက်မြင်ရ
မြင်လိုက်ရတဲ့ အကြောင်းလေးတစ်ခု ရှိပါသေးတယ်..။အမယ်ကြီးတစ်ယောက်ပေါ..ယခင်က အမယ်ကြီးအိမ်ကို အမြဲကြွတဲ့  ဘုန်းကြီးအိုကြီးတစ်ပါးရယ်..ဦးပဉ္ဖင်းငယ်တစ်ပါးရယ် နှစ်ပါးအမြဲဆွမ်းကြွလေရှိတယ်..အဲဒီအမယ်အိုကြီးက ချဲထီနှလုံးထီကို ပါတ်ဝန်းကျင်ကြောင့်လား..တစ်စုံတစ်
ယောက်ပြောလို့ လားမသိဘူး တစ်ခါတော့  ချဲထီပေါက်တော့ တာပါပဲ.။အဲဒီအချိန်ကစပြီးတော့ ချဲထီ နဲ့ နှလုံး
အမြဲတမ်း ထိုးလို့ လောင်းကစားဝါသနာပိုး ဦးနှောက်ထဲကိုစတင်ဝင်ရောက်တော့ တာပါပဲ..အဲဒီလို လောင်းကစားပိုး ဦးနှောက်ထဲကိုဝင်တဲ့ နေ့ ကစပြီးတော့  လောင်းကစားကလွဲလို့  ဘာဆို ဘာမှ ဦးနောက်ထဲမှာ မရှိတော့ ..
ခက်တာက ဘာသာရေးအခြေခံ အားနည်းတာပဲ.။ဆွမ်းခံကြွလာတဲ့  ဦးပဉ္ဖင်းငယ်လေးကို ‘‘ဦးပဇင်း တပြည့်
တော်မကို ခုအပါတ် ချဲထီဂဏန်း နှလုံးဂဏန်းလေးများချပေးခဲ့ ပါဘုရား..,,ဦးပဉ္ဖင်းက '' ဒကာမကြီး ဦးပဉ္ဖင်း
အဲဒါတွေ မပေးပါ ဒကာမကြီး..အဲဒီအလုပ်ကို ဦးပဉ္ဖင်းမလုပ်ပါဘူး..,,အဲဒီလိုပြောပြီးပြန်ကြွသွားခဲ့ပါတယ်.
နောက် ဘုန်းတော်ကြီးကိုလဲ အဲဒီလို ချဲထီနှလုံးထီတောင်းပြန်တယ်..ဘုန်းတော်ကြီးကလဲ မပေးပြန်တော့ 
အိမ်ကို ဘယ်ဘုန်းကြီးပဲလာလာ ဆွမ်းမလောင်းတော့ ပါ..။သူပြောလိုက်တာက ချဲထီလေးလောက်တောင်
မပေးတတ်တဲ့ ဘုန်းကြီး ဘယ်မှာ တန်ခိုးကြီးလို့ လဲတဲ့ လေ...။ဘာမှ အားကိုးစရာမလိုဘူးတဲ့ ..။စဥ်းစားကြည့်ပါ..။သာသနာအကျိုး ပရိယတ္တိ  ပရိပါတ္တိ အလုပ်ကို အားသွန်ခွန်စိုက် ကြိုးစားလို့  သာနသာအတွက် သန့် ရှင်းစွာအလုပ်လုပ်နေတဲ့  ရဟန်းသံဃာတော်တွေကိုတော့  အားကိုးရ
ကောင်းမှန်းမသိဘူး..ချဲထီပေးတဲ့  ဘုန်းကြီးနဲ့ နှလုံးထီပေးနေတဲ့ ဘုန်းကြီးကိုသာအားကိုးရာအဖြစ်ရွေးချယ်
လိုက်တဲ့  အမယ်အိုကြီးးတစ်ယောက်ရဲ့ အဖြစ်အင်ကိုသေချာချာသုံးသပ်ကြည့်ရင်..(၁) ဘာသာရေးခံယူချက် မရှိခြင်း
(၂) ငယ်စဉ်ကတည်းက မိရိုးဖလာ ဘာသာဖြစ်ခဲ့ ခြင်း
(၃) ပညာဗဟုသုတနည်းပါးခြင်း
(၄) ဘာသာရေးနဲ့ ပါတ်သက်ပြီး အခြေခံကောင်းသော ပါတ်ဝန်းကျင်မရှိခြင်းနဲ့ 
(၅) ဘာသာရေးစာပေများနဲ့  အလှမ်းကွာလွန်းခြင်းတို့ ကြောင့်ဖြစ်သည်..။ 
နောက်တစ်ခုဆိုးတာက သင်္ချိုင်းကုန်းမှာ တရားထိုင်နေတဲ့  ဘုန်းတော်ကြီးက ချဲထီပေးလို့ ဆိုပြီး တစ်ဖက်ကမ်းကို လှေနဲ့ ကူးကာ ချဲထီသွားတောင်းကြတာတွေ့ ဘူးတယ်.။ဇတ်မင်းသားလေး သိန်းဇော် သိန်းဇော်..တိုင်းပြည်ကမျှော်..ဓမ္မသဘင့်ဆင်ယင်မြင့်ပေါ် ဝင့်ဝင့်ထည်ထည်  ထည်ဝါလို့ နှော်ဆိုပြီး ဇတ်ကလားကာ နောက်ကွယ်က ထွက်ပြီး ချဲထီပေး နှလုံးထီပေးတဲ့ ဘုန်းကြီးကျောင်းမှာဆို ကားကြီး ကားငယ် အသွယ်သွယ်နဲ့  ကြိတ်ကြိတ်တိုးလို့ ပေါ့..။
 အများကြီးလဲ မပြောတတ်ပါဘူး..ဒါပေမယ့်ပြောချင်လို့ သာပြောလိုက်ရတာပါ..။
ခုလဲ ဒီ movie လေးဟာ..အဲဒီလို ဘာသာရေးခံယူချက်မရှိပဲ ချဲထီပေးတဲ့ ဘုန်းကြီး နှလုံးထီပေးတဲ့ ဘုန်းကြီး
ဆေးကုပေးတဲ့ ဘုန်းကြီးတန်ခိုးကြီးတယ်ဟဲ့  လို့ ယုံကြည်ရင်းယုံကြည်ရင်းနဲ့  သဒ္ဒါလွန်ကဲ ပညာနည်းက
တစ်လွဲကြည်ညို၏  ဆိုသလို..နောက်ဆုံးတော့ .....................( မင်းစိုး  ခံစားတင်ပြသည်.။)
ဒကာမ နဲ့ ပေါင်ကိုပုတ် နှတ်ခမ်းချင်းတေ့ နမ်းပြီး ချဲထီ နှလုံးထီပေးတာ ကို  ကိုးကွယ်ယုံကြည်နေတာက
ကိုးကွယ်သူက ဘာသာရေးအကြောင်းနားမလည်..နကန်းတစ်လုံးမသိ..ပေးတဲ့ ဘုန်းကြီးက ရဟန်းအရေခြုံ...ဖြစ်ပျက်နေတဲ့ ဇတ်လမ်းလေး ဒီလိုပါ....
    မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ် ရှိ သက်ကြားအို ရဟန်းတစ်ပါးသည် သာသနာ ကို အရေခြုံပြီး ၄င်း၏ တဏှာကြောမီး အတွက် ချဲထီ ဂဏာန်း ဝါသနာပါသော ခပ်တုံးတုံး ခပ်နုံနုံ အရှက်ကင်းမဲ့သော မိန်းမတို့နှင့် သမီးရီးစားသဖွယ် ခါးဖက် ၊နို့ကိုင် ၊ နှုတ်ခမ်းချင်း တေ့စုပ် နမ်းကာ ပေါင်ပွတ်နေပြီး ချဲဂဏာန်းများ ပေးနေလျှက်ရှိပါသည် ။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ညဥ့်နက် သန်းခေါင်လည်း မိန်းမများနှင့်စည်းကားနေပြီး အချို့ မာတုဂါမများဆိုလျှင် မနက်မိုးလင်းမှ ဆံပင်ဖို့းရိုး ဖားယားနှင့် ပြန်သွားကြ ကြောင်းလည်း သိရပါသည် ။
ထို့သို့သော သာသနာ အဖျက်သမား ရဟန်းအိုကြီးကို မဟာသံဃာ နာယကအဖွဲ့မှ ဦးဆောင် ဆရာတော်ကြီးများ နှင့် သာသနာရေး ဝန်ကြီးဌာန တို့ ပူးပေါင်းပြီး သင်္ဃန်းချွတ်ကာ ရဟန်းဘောင်မှ သော်လည်းကောင်း လူ့ဘောင်အတွင်းမှာပါ မထားအပ်သောကြောင့်  ဖယ်ရှားပေးနိုင်ပါရန် တင်ပြလိုက်ပါရပါသည် ။
ဒီမိုယံ ဒီမို http://www.thithtoolwin.com/2012/08/kissing.html#.UDIw9ZFuBlM  ဒါကမှုရင်းလင့်ပါ..။
Myanmar News Now
မြန်မာပြည်မှာ ဘာသာရေး အသိဥာဏ်နည်းပါးတဲ့ လူတွေ များလေလေ  သာသနာအတွက်စိုးရိမ်စရာပိုပြီး
ဖြစ်လေလေပါပဲ..ကဲနောက်တစ်ခု ပြောချင်ပါတယ်.။
ဘာသာရေးအသိဥာဏ်မရှိ..ခေတ်ပညာကတော့တတ်လိုက်ကြတာ..အရာရှိအရာခံ ဘွဲ့ တွေ ဂုဏ်ထူးတွေနဲ့  တစ်သီတစ်တန်း ဘာသာရေးအသိကျတော့ လုံးဝ သုံည...။ ကိလေသာတွေ အကုသိုလ်တွေကို အဲဒီလို ကတိုင်းခုန်တိုင်းအကုန်လုံးထုတ်ပစ်လို့ ရတယ်လို့  ဘုရားဟောခဲ့ ဘူးသလားဗျာ..ဒီလိုနည်းနဲ့  ကိလေသာ
အကုသိုလ် အဆိပ်တွေကို ထုတ်ပစ်လို့ ရစတမ်းဆိုရင်  နိုက်ကလပ်က ကောင်မလေးတွေ နိုက်ကလပ်မှာ ကဲနေတဲ့ ကောင်တွေ အကုန်လုံး နတ်ပြည်ရောက်ကုန်လိမ့်မယ်..ကဲ ကြည့်... ယတြာသမား ဓါတ်သမား  နတ်သမားတွေ ဘယ်လောက်ထိ ဦးနှောက်က အသိဥာဏ်နဲပါးသလဲ..ပညာတတ်တာ မတတ်တာနဲ့ မဆိုင်ဘူး..အသိကိုမရှိတာ.သြော် ဒါ့ကြောင့်လဲ တိုင်းပြည်မှာ...........(နိုင်ငံရေးမပြောလိုဘူး)..။
တစ်ဆိတ်ရှိဓါတ်တွေ  နတ်တွေ ယတြာတွေကိုသာ အားကိုးအားးထားလုပ်ပြီး မိမိကိုယ်တိုင်ကတော့  ဘာမှ မလုပ်ပဲနေလို့ မရပါဘူး.။တိုင်းပြည်မှာ ကိုယ်သောက်သုံးမကျတိုင်း ယတြာတွေ ဓါတ်တွေပဲ လိမ့်ပြီး ယုံကြည်နေတာ ဟာ တစ်ဖက်မှာပျက်စီးခြင်းအကြောင်းတရားတွေဖြစ်နေတယ.်.။စောစော သာသနာဖျက်ဘုန်းကြီး နဲ့ ( ဒကာမ လို့ မပြောချင်ဘူး ) လမ်းဘေးက ကလေကဝ ကောင်မတစ်အုပ်စုနဲ့  ကဲခုကြည့်...... ကခုန်နေတဲ့  တစ်အုပ်ကြီးသောလူထုနဲ့  စင်ပေါ်တက်ပြီး သြဝါဒချွေနေတဲ့  ဘုန်းကြီးအတုတစ်ကောင်နဲ့  လူဖြစ်ပြီး ဘာသာတရားဆိုတာ ဘာမှန်းမသိတဲ့  ယတြာသမား ဓါတ်သမား
တကယ်တော့  နားလည်မှု့ တစ်ခုပဲ လိုတာပါ.။