Sunday, 26 August 2012

ပြောချင်လွန်းလို့ ပြောလိုက်ရပါတယ်.အမှားးပါရင်တောင်းပန်ပါတယ်။

မြန်မာပြည်မှာ  ဘာတွေဖြစ်ကုန်ပြီလဲဗျာ..ဒီလိုသီချင်းမျိုးတွေ ဒီလို သရုပ်ဆောင်ချက်တွေနဲ့  ခေတ်မှီတယ်လို့ ပြောတာလား.။ခွင့် ပြုချက်သာရမယ်ဆိုရင်ပေါ့..မြန်မာသရုပ်ဆောင်
လောကနဲ့  မြန်မာမင်းသား  မင်းသမီးလောက  ၊မြန်မာမော်ဒန်လောကမှာ .................ကားတောင်ရိုက်ကြမယ်ထင်ပါတယ်..။ခေတ်မှီတာနဲ့ သရုပ်ပျက်တာ အကွာကြီးခြားကြီးကွာတာပါ..။ဒီလိုသရုပ်ဆောင်မှာ မပေါ်တပေါါ် ပေါ်လုနီးပါး အဝတ်စားကိုဝတ်ပြခြင်းက
ခေတ်မှီတယ်လို့ ပြောမှာလား..။တကယ်တော့  ခေတ်မှီတယ်ဆိုတာ ဒီလို sexy ဆန်တာ..သရုပ်ပျက် မပေါ်
တစ်ပေါ်ဝတ်ပြတာ ခေတ်မှီတာတော့ မဟုတ်ပါ.။တစ်ကယ်ခေတ်မှီတယ်ဆိုတာက တိုးတက်တဲ့ နိုင်ငံတွေမှာ ဘယ်လိုနည်းပညာတွေ သုံးနေတာလဲ..ဘယ်လိုခေတ်မှီတဲ့ နည်းပညာတွေနဲ့ 
နိင်ငံကို အကျိုးပြုနေသလဲဆိုတာ သိရပါ့မယ်..အဲဒီလိုလဲ လိုက်လုပ်နိုင်ရပါ့မယ်.။ခေတ်မှီနိုင်ငံ တိုးတက်နေ
တဲ့ နိုင်ငံတွေက နည်းပညာတွေကို အလှမ်းဝေးမသွားအောင် လိုက်ပြီးဖန်တီးနိုင်စွမ်းရှိမှ ခေတ်မှီတာလို့ 
ခေါ်တာပါ..ကျနော်ပြောတာ အမှားပါရင်တောင်းပန်ပါတယ်.။တကယ်တော့  ဥပမာ... တံခါးကို အလုံပိတ်ထားလိုက်ရင် ပူမယ် ၊ အိုက်မယ်..မွန်းကြပ်မယ်..မသက်သာပါဘူး..။တံခါးကို ဖွင့်ချလိုက်မယ်ဆိုရင်...လေဝင်မယ်..လေတိုက်မယ်..အပူဒဏ်သက်သာမယ်.ဒါပေမယ့် ဘာတွေ ဆိုးကျိုးတွေဖြစ်လာမလဲ စဉ်းစားကြည့်ကြမယ်.။တစ်ဖက်က ကောင်းသလို တစ်ဖက်က ဆိုးကျိုးတွေဝင်လာစမြဲပါ..။အဲဒါကတော့  အမှိုက်တွေပါလာမယ်..သစ်ကိုင်းချောက်တွေလွှင့်စင်လာနိုင်မယ်..အမှိုက်တွေပွလာမယ်.။အဲဒါဆိုးကျိုးတွေပဲ..
အဲဒါတွေကို ကာကွယ်နိုင်ဖို့  တံခါးကိုလဲ ဖွင့်မယ်..အမှိုက်ကိုကာကွယ်ဖို့  သံစကာလဲတပ်ထားမယ်ဆိုရင်..
လေကောင်းလေသန့် ရမယ်.။အမှိုက်တွေလဲ သန့် စင်ပြီးသားဖြစ်မယ်.။
 အဲဒီဥပမာကို တွေးလိုက်ရင်...ကျနော်တို့ တွေမှာ တံခါးကိုဖွင့်ခြင်းနဲ့ တူနဲ့  တိုးတက်သောနိုင်ငံတွေဆီက
နည်းပညာတွေနဲ့ အတူတူ..စီးပွားရေး ယဉ်ကျေူးမှု့ ..လှူ မှု့ ရေး..ဓလေ့ စရိုက်..အစုံစုံမြင်ရမှာပါပဲ..။ အဲဒီအထဲက အကောင်းရော အဆိုးတွေရော အစုံစုံ ဝင်ရောက်လာမှာပါပဲ..။ဒါပေမယ့် ကောင်းတာတွေကို
သီးသန့် ရွေးထုတ်ပြီးယူတတ်ဖို့ တော့ လိုတာပေါ့ဗျာ..အဲဒီတော့ သံစကာနဲ့ တူတဲ့ ကျနော်တို့ မြန်မာတွေရဲ့ 
ဓလေ့တွေ..ယဉ်ကျေးမှု့ တွေ..ဘာသာရေးတွေ..အဲဒါတွေနဲ့ ကာကွယ်တားဆီးလို့  ကောင်းတဲ့ အချက်တွေကို
ပဲ သီးသန့် ရွေးထုတ်ယူကြရင်...အကောင်းတကာ့ အကောင်းဆုံးပေါ့ဗျာ..
  လွတ်လပ်ခြင်းဆိုတဲ့  ဒီမိုကရစီသဘောတရားတစ်ခုဟာ စည်းလွတ်ဝါးလွတ် ဘောင်ကျော်ခြင်းမဟုတ်ပါဘူး.။ဒီမိုကရစီဆိုတာ စည်းကမ်းရှိပါတယ်..အဲဒီစည်းကမ်းထဲမှာ လွတ်လပ်ခွင့်ရှိပါတယ်.။အဲဒီလိုဘောင်ထဲမှာနေထိုင်ဖို့ ပြောတာပါ.။ဒီမို့ (စ်) နဲ့ ကရားတို့ (စ်) ခေါ်တဲ့ ပြင်သစ်ဘာသာစကားပါ.။ပြည်သူလူထုကို အုပ်ချုပ်ခြင်းလို့ အဓိပါယ်ရပါတယ်.။အဲဒါဘယ်လိုအုပ်ချူပ်မလဲဆိုတော့  စည်းဘောင်တစ်ခုထဲမှာ အားလုံး
အတူတစ်ကွနေထိုင်ပြီး လွတ်လပ်ခြင်းနဲ့ မျှတခြင်းအပေါ်မှာ လူတန်းစားမခွဲခြားပဲ နေထိုင်ခြင်းပါ.။အဂ်လိပ်
ဘာသာစကားအရ ဒီမိုကရစီပေါ့..လူ့ အခွင့်ရေးပါ.။ဒါပေမယ့် ကိုယ့်ဘာသာကို ဘယ်သူ့ မှ သောက်ဂရုမစိုက်တဲ့  အထာမျိုးတော့ မရပါဘူး.။ခုကြည့်ပါ..ဒီမိုကရစီဆိုတဲ့ စကားကို အလွဲသုံး
စားလုပ်တယ်လို့ မြင်ပါတယ်.။ယဉ်ကျေးမှု့  + ဓလေ့ ထုံးဆိုတာ ဒီမိုကရစီနဲ့ ရောထွေးပစ်လိုက်ကြတယ်.။
တကယ်တော့ တွေးစရာတစ်ခုပြောချင်ပါတယ်.။
 လန်ဒန်မြို့ ..လန်ဒန်တာဝါ..အဲဒီမှာရှိတဲ့  ငှက်တွေကို အတောင်တွေဖြတ်ထားကြတယ်..ငှက်တွေဟာ
အဝေးကြီးပျံထွက်ပြီး မသွားတတ်ကြဘူး.ကျဉ်းမြောင်းတဲ့ သဘောပေါ့.။ဘာကြောင့် အတောင်တွေကို
ဖြတ်ထားကြသလဲဆိုတော့ အဲဒီငှက်တွေ အဝေးကြီးပျံထွက်သွားကြရင် လန်ဒန်မြို့ ကြီး ပျက်စီးမယ်တဲ့ .
အဲဒီလိုအယူဆတွေ ရှိလို့ ငှက်တွေဟာ အဝေးကို မပျံနိုင်ကြပဲ အနားမှာ တဝဲလည်လည်နဲ့ ပေါ့.။
     နောက်တစ်ခု အမေရိကန်နိုင်ငံ..ချီကာကို..အဲဒီက ငှက်တွေကတော့  လွတ်လပ်စွာပျံသန်းခွင့်ပေးထား
ကြပြန်တယ်..အဲဒီက ငှက်တွေက လွတ်လပ်စွာပျံသန်းနှို်င်ကြတယ်.။ဒါပေမယ့် တစ်ခုရှိတာက ငှက်တွေဟာ
လွတ်လပ်စွာ စိတ်လွတ် ကိုယ်လွတ်ပျံသန်းကြတယ်.။ပျံချင်တိုင်းပျံကြပေမယ့် အသိမရှိတဲ့ ငှက်တွေဟာ
ချီကာကိုမြို့ မှာရှိတဲ့  အဆင့်မြင့် မိုးမျှော်တိုက်ကြီးတွေဆီက မီးရောင်တွေကို ကြယ်တာရာတွေ အမှတ်နဲ့ 
စည်းလွတ်ဝါးလွတ်ထိုးထိုးပျံသန်းကြရင်းနဲ့  တိုက်ကြီးတွေရဲ့ မှန်ဘောင်တွေနဲ့  တိုက်မိပြီးတော့ တစ်ဖုတ်ဖုတ်နဲ့  ပြုတ်ကျပြီး သေပွဲဝင်ကြရတယ်.။
                        အဲဒီနှစ်ခုကို တွေးကြည့်ရင် ကျနော်တို့ တွေမှာ စည်းလွတ်ဝါးလွတ် ဘယ်အရာမှ
မလုပ်သင့်ပါဘူး မြတ်စွာဘုရားဟောကြားခဲ့ အလယ်အလတ်လမ်းစဉ်အတိုင်းလျောက်လှမ်းကြဖို့ လိုပါတယ်.။ ပါဋိလို ရိုက်လို့ မရလို့ နှော်.။ကီးဘုတ်က
နဲနဲ ကြောင်နေလို့ ..။
             လွတ်လပ်ပြီဆိုပြီးတိုင်းလဲ ယဉ်ကျေးမှု့ တွေ  ဓလေ့ တွေကို ပစ်ပါယ်ထားပြီး ခေတ်မှီတယ်ဆိုပြီးတော့ ခေတ်နောက်ကို အသိတရားကင်းမဲ့ စွာနဲ့ ..စည်းလွတ်ဝါးလွတ်
မလုပ်သင့်ပါဘူး..သံစကာနဲ့ တူနဲ့  ဓလေ့ တွေ ယဉ်ကျေူးမှု့ နဲ့ ကာကွယ်တားဆီးလို့ ထားသင့်ပါတယ်။
 မဟုတ်ရင် ချီကာကိုက ငှက်တွေကို မှန်ဘောင်တွေနဲ့ တိုက်မိပြီး သေပွဲဝင်ကြရလိမ့်မယ်.။
               လွတ်လပ်တဲ့ နေရာ တိုးတက်တဲ့ နေရာကို မလိုက်ပဲ ရှေးရိုးအယူဆတွေ ရှေးရိုး ဓလေ့ ထုံးတမ်းစဉ်လာတွေကို ဖက်တွယ်ထားလို့ ပြောတာလဲ မဟုတ်ပါဘူး..အဲဒါတွေကို ဖက်တွယ်ထားပြန်
ရင်လဲ လန်ဒန်တာဝါက အတောင်ပံကိုဖြတ်ခံထားရတဲ့  ငှက်တွေလို အဝေးကို မပျံသန်းနိုင်ပဲ..ဒီဘဝ
ဒီအနားမှာ ဒီမျှသာနဲ့  ဘဝ ပြီးဆုံးကြရပါလိမ့်မယ်..
           ဒီတော့ ကျနော်တို့ တွေမှာ လိုအပ်နေတာ က တိုးတက်တယ်ဆိုတိုင်းလဲ စည်းဝါးမလွတ်ကြဖို့ .
တိုးတက်ခေတ်မှီတဲ့ နိုင်ငံတော်သစ်ဆီကို မိမိရိုးရာဓလေ့ ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းစောင့်ရှောက်
ရင်းဖြင့် တိုးတက်တဲ့ နိုင်ငံတော်သစ်ဆီကို သွားကြဖို့ လိုအပ်ပါကြောင်းပြောကြားလိုပါတယ်.နောက်ဆုံးတော့  ဗိုလ်ချူပ်ပြောခဲ့ သလိုမျိုး လွတ်လပ်ရေး
ရပြီဟေ့ ..ဆိုပြီးလမ်းမပေါ်ထွက်ပြီး ဆေးရိုးမလှန်းမိကြစေဖို့ ဆင်ခြင်သုံးသပ်စေရန်တင်ပြလိုက်ရပါကြောင်း..
              ဒီစာကြောင်းတွေကတော့ ..ကျနော် ဒီ movie လေးကိုကြည့်ရင်းနဲ့ ဖြစ်ပေါ်နေတဲ့ 
ခံစားချက်တစ်ခုဖြစ်ပါကြောင်း..။ကျနော့် စကားထဲ မှာ အမှားပါခဲ့ ရင် တောင်းပန်အပ်ပါတယ်.။
         ချစ်ခင်လေးစားစွာဖြင့် ကျနော့်စာကိုဖတ်ပေးကြတဲ့  ညီကိုများအားလုံးကိုလေးစားလျက်
                                            (မင်းစိုး )

No comments:

Post a Comment

လာရောက်ကြသော သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါသည်.။