ကြည့်လိုက်ရတဲ့ movie ဖိုင်လေးကြောင့်ရင်ထဲမှာ တော်တော်ပဲ အံသြမိပါတယ်.။ဒီလိုအနေထားတွေ
မြန်မာပြည်ထဲမှာ ဘယ်လောက်တောင်များခဲ့ သလဲ..။ဒီလိုအနေထားမျိုးတွေရော လက်ရှိဖြစ်ပေါ်နေဆဲလား.။
ဘာသာခြား တစ်ယောက်ယောက်ရှေ့ မှာ ကျနော်တို့ ဘယ်လိုမျက်နှာပြရမလဲ.။နောက်တစ်ခု ချဲထီ ၊ နှလုံးထီ
ဆိုတဲ့ လောင်းကစားကြောင့် ဘာသာရေးအတွက်ပါလမ်းလွဲလိုက်နေသူတွေကို စိတ်ပျက်ဖွယ်ရာကျနော်
မြင်ဖူးခဲ့ ပါတယ်.။.ဘာသာရေးကို ဗန်းပြပြီး လောင်းကစားလုပ်ကြတဲ့  ရဟန်းအတု ရဟန်ုးအယောင်ဆောင်တွေ နောက်ကို မျက်ကန်းတောတိုး ဘာသာရေးအကြောင်းနကန်းတစ်လုံးမသိပဲ
ချဲထီပေးတဲ့ ဘုန်းကြီး နှလုံးထီပေးတဲ့  ဘုန်းကြီးတန်းခိုးကြီးသတဲ့ ဗျာ..။နားနဲ့ ဆတ်ဆတ်ကြားလိုက်မြင်ရ
မြင်လိုက်ရတဲ့ အကြောင်းလေးတစ်ခု ရှိပါသေးတယ်..။အမယ်ကြီးတစ်ယောက်ပေါ..ယခင်က အမယ်ကြီးအိမ်ကို အမြဲကြွတဲ့  ဘုန်းကြီးအိုကြီးတစ်ပါးရယ်..ဦးပဉ္ဖင်းငယ်တစ်ပါးရယ် နှစ်ပါးအမြဲဆွမ်းကြွလေရှိတယ်..အဲဒီအမယ်အိုကြီးက ချဲထီနှလုံးထီကို ပါတ်ဝန်းကျင်ကြောင့်လား..တစ်စုံတစ်
ယောက်ပြောလို့ လားမသိဘူး တစ်ခါတော့  ချဲထီပေါက်တော့ တာပါပဲ.။အဲဒီအချိန်ကစပြီးတော့ ချဲထီ နဲ့ နှလုံး
အမြဲတမ်း ထိုးလို့ လောင်းကစားဝါသနာပိုး ဦးနှောက်ထဲကိုစတင်ဝင်ရောက်တော့ တာပါပဲ..အဲဒီလို လောင်းကစားပိုး ဦးနှောက်ထဲကိုဝင်တဲ့ နေ့ ကစပြီးတော့  လောင်းကစားကလွဲလို့  ဘာဆို ဘာမှ ဦးနောက်ထဲမှာ မရှိတော့ ..
ခက်တာက ဘာသာရေးအခြေခံ အားနည်းတာပဲ.။ဆွမ်းခံကြွလာတဲ့  ဦးပဉ္ဖင်းငယ်လေးကို ‘‘ဦးပဇင်း တပြည့်
တော်မကို ခုအပါတ် ချဲထီဂဏန်း နှလုံးဂဏန်းလေးများချပေးခဲ့ ပါဘုရား..,,ဦးပဉ္ဖင်းက '' ဒကာမကြီး ဦးပဉ္ဖင်း
အဲဒါတွေ မပေးပါ ဒကာမကြီး..အဲဒီအလုပ်ကို ဦးပဉ္ဖင်းမလုပ်ပါဘူး..,,အဲဒီလိုပြောပြီးပြန်ကြွသွားခဲ့ပါတယ်.
နောက် ဘုန်းတော်ကြီးကိုလဲ အဲဒီလို ချဲထီနှလုံးထီတောင်းပြန်တယ်..ဘုန်းတော်ကြီးကလဲ မပေးပြန်တော့ 
အိမ်ကို ဘယ်ဘုန်းကြီးပဲလာလာ ဆွမ်းမလောင်းတော့ ပါ..။သူပြောလိုက်တာက ချဲထီလေးလောက်တောင်
မပေးတတ်တဲ့ ဘုန်းကြီး ဘယ်မှာ တန်ခိုးကြီးလို့ လဲတဲ့ လေ...။ဘာမှ အားကိုးစရာမလိုဘူးတဲ့ ..။စဥ်းစားကြည့်ပါ..။သာသနာအကျိုး ပရိယတ္တိ ပရိပါတ္တိ အလုပ်ကို အားသွန်ခွန်စိုက် ကြိုးစားလို့  သာနသာအတွက် သန့် ရှင်းစွာအလုပ်လုပ်နေတဲ့  ရဟန်းသံဃာတော်တွေကိုတော့  အားကိုးရ
ကောင်းမှန်းမသိဘူး..ချဲထီပေးတဲ့  ဘုန်းကြီးနဲ့ နှလုံးထီပေးနေတဲ့ ဘုန်းကြီးကိုသာအားကိုးရာအဖြစ်ရွေးချယ်
လိုက်တဲ့  အမယ်အိုကြီးးတစ်ယောက်ရဲ့ အဖြစ်အင်ကိုသေချာချာသုံးသပ်ကြည့်ရင်..(၁) ဘာသာရေးခံယူချက် မရှိခြင်း
(၂) ငယ်စဉ်ကတည်းက မိရိုးဖလာ ဘာသာဖြစ်ခဲ့ ခြင်း
(၃) ပညာဗဟုသုတနည်းပါးခြင်း
(၄) ဘာသာရေးနဲ့ ပါတ်သက်ပြီး အခြေခံကောင်းသော ပါတ်ဝန်းကျင်မရှိခြင်းနဲ့ 
(၅) ဘာသာရေးစာပေများနဲ့  အလှမ်းကွာလွန်းခြင်းတို့ ကြောင့်ဖြစ်သည်..။
နောက်တစ်ခုဆိုးတာက သင်္ချိုင်းကုန်းမှာ တရားထိုင်နေတဲ့  ဘုန်းတော်ကြီးက ချဲထီပေးလို့ ဆိုပြီး တစ်ဖက်ကမ်းကို လှေနဲ့ ကူးကာ ချဲထီသွားတောင်းကြတာတွေ့ ဘူးတယ်.။ဇတ်မင်းသားလေး သိန်းဇော် သိန်းဇော်..တိုင်းပြည်ကမျှော်..ဓမ္မသဘင့်ဆင်ယင်မြင့်ပေါ် ဝင့်ဝင့်ထည်ထည် ထည်ဝါလို့ နှော်ဆိုပြီး ဇတ်ကလားကာ နောက်ကွယ်က ထွက်ပြီး ချဲထီပေး နှလုံးထီပေးတဲ့ ဘုန်းကြီးကျောင်းမှာဆို ကားကြီး ကားငယ် အသွယ်သွယ်နဲ့  ကြိတ်ကြိတ်တိုးလို့ ပေါ့..။
အများကြီးလဲ မပြောတတ်ပါဘူး..ဒါပေမယ့်ပြောချင်လို့ သာပြောလိုက်ရတာပါ..။
ခုလဲ ဒီ movie လေးဟာ..အဲဒီလို ဘာသာရေးခံယူချက်မရှိပဲ ချဲထီပေးတဲ့ ဘုန်းကြီး နှလုံးထီပေးတဲ့ ဘုန်းကြီး
ဆေးကုပေးတဲ့ ဘုန်းကြီးတန်ခိုးကြီးတယ်ဟဲ့  လို့ ယုံကြည်ရင်းယုံကြည်ရင်းနဲ့  သဒ္ဒါလွန်ကဲ ပညာနည်းက
တစ်လွဲကြည်ညို၏ ဆိုသလို..နောက်ဆုံးတော့ .....................( မင်းစိုး ခံစားတင်ပြသည်.။)
ဒကာမ နဲ့ ပေါင်ကိုပုတ် နှတ်ခမ်းချင်းတေ့ နမ်းပြီး ချဲထီ နှလုံးထီပေးတာ ကို ကိုးကွယ်ယုံကြည်နေတာက
ကိုးကွယ်သူက ဘာသာရေးအကြောင်းနားမလည်..နကန်းတစ်လုံးမသိ..ပေးတဲ့ ဘုန်းကြီးက ရဟန်းအရေခြုံ...ဖြစ်ပျက်နေတဲ့ ဇတ်လမ်းလေး ဒီလိုပါ....



ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ညဥ့်နက် သန်းခေါင်လည်း မိန်းမများနှင့်စည်းကားနေပြီး အချို့ မာတုဂါမများဆိုလျှင် မနက်မိုးလင်းမှ ဆံပင်ဖို့းရိုး ဖားယားနှင့် ပြန်သွားကြ ကြောင်းလည်း သိရပါသည် ။
ထို့သို့သော သာသနာ အဖျက်သမား ရဟန်းအိုကြီးကို မဟာသံဃာ နာယကအဖွဲ့မှ ဦးဆောင် ဆရာတော်ကြီးများ နှင့် သာသနာရေး ဝန်ကြီးဌာန တို့ ပူးပေါင်းပြီး သင်္ဃန်းချွတ်ကာ ရဟန်းဘောင်မှ သော်လည်းကောင်း လူ့ဘောင်အတွင်းမှာပါ မထားအပ်သောကြောင့် ဖယ်ရှားပေးနိုင်ပါရန် တင်ပြလိုက်ပါရပါသည် ။
ဒီမိုယံ ဒီမို http://www.thithtoolwin.com/2012/08/kissing.html#.UDIw9ZFuBlM ဒါကမှုရင်းလင့်ပါ..။
Myanmar News Now
မြန်မာပြည်မှာ ဘာသာရေး အသိဥာဏ်နည်းပါးတဲ့ လူတွေ များလေလေ သာသနာအတွက်စိုးရိမ်စရာပိုပြီး
ဖြစ်လေလေပါပဲ..ကဲနောက်တစ်ခု ပြောချင်ပါတယ်.။
ဘာသာရေးအသိဥာဏ်မရှိ..ခေတ်ပညာကတော့တတ်လိုက်ကြတာ..အရာရှိအရာခံ ဘွဲ့ တွေ ဂုဏ်ထူးတွေနဲ့  တစ်သီတစ်တန်း ဘာသာရေးအသိကျတော့ လုံးဝ သုံည...။ ကိလေသာတွေ အကုသိုလ်တွေကို အဲဒီလို ကတိုင်းခုန်တိုင်းအကုန်လုံးထုတ်ပစ်လို့ ရတယ်လို့  ဘုရားဟောခဲ့ ဘူးသလားဗျာ..ဒီလိုနည်းနဲ့  ကိလေသာ
တစ်ဆိတ်ရှိဓါတ်တွေ နတ်တွေ ယတြာတွေကိုသာ အားကိုးအားးထားလုပ်ပြီး မိမိကိုယ်တိုင်ကတော့  ဘာမှ မလုပ်ပဲနေလို့ မရပါဘူး.။တိုင်းပြည်မှာ ကိုယ်သောက်သုံးမကျတိုင်း ယတြာတွေ ဓါတ်တွေပဲ လိမ့်ပြီး ယုံကြည်နေတာ ဟာ တစ်ဖက်မှာပျက်စီးခြင်းအကြောင်းတရားတွေဖြစ်နေတယ.်.။စောစော သာသနာဖျက်ဘုန်းကြီး နဲ့ ( ဒကာမ လို့ မပြောချင်ဘူး ) လမ်းဘေးက ကလေကဝ ကောင်မတစ်အုပ်စုနဲ့  ကဲခုကြည့်...... ကခုန်နေတဲ့  တစ်အုပ်ကြီးသောလူထုနဲ့  စင်ပေါ်တက်ပြီး သြဝါဒချွေနေတဲ့  ဘုန်းကြီးအတုတစ်ကောင်နဲ့  လူဖြစ်ပြီး ဘာသာတရားဆိုတာ ဘာမှန်းမသိတဲ့  ယတြာသမား ဓါတ်သမား
နတ်သမားနဲ့  အားလုံး အတူတူပါပဲဆိုတာ မြင်ကြတဲ့ အတိုင်းပါပဲ.။ကိလေသာ တဏှာ အညစ်ကြေးကို အဲဒီလို ကခုန်ပေါက်ပြီးမြူးတူးပျော်ပါးလို့ ဆေးကြောလို့ ရစတမ်းဆိုရင်ဗျာ.....တရားစခန်းတွေအစား အဲဒီနေရာမှာ နိုက်ကလပ်သာဖွင့်လိုက်ကြပါတော့ .....။နဲနဲ ဒေါသပါသွားတယ်ဗျာ..။ကြည့်ရမြင်ရတာ စိတ်မသက်သာလို့ ပါ..
No comments:
Post a Comment
လာရောက်ကြသော သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါသည်.။