“ ကျေးဇူးပြုပြီး ”
ငါတို့အိုမင်းသွားတဲ့အခါ “ ကူညီထောက်ပံ့ ” တယ်ဆိုတဲ့စကားကိုမသုံးပါနဲ့
မင်းတို့ငယ်ငယ်တုန်းက ငါတို့သုံးနှုန်းခဲ့တာ “ ကျွေးမွေးပြုစု ”
တယ်ဆိုတဲ့စကားလုံးပါ ။ ငါတို့ဟာ သားသမီးတွေရဲ့ ထောက်ပံ့မှုနဲ့ရပ်တည်ချင်တဲ့ သူတွေမဟုတ် ၊ သားမီးတွေကိုသာ လိုအပ်တဲ့အရာမှန်သမျှ ထောက်ပံကူညီပေးချင်နေသူတွေပါ ။
ငါတို့ လိုအပ်တာတွေရှိတဲ့အခါ မငြူစူကြပါနဲ့ ။ မင်းတို့ လိုအပ်တာတွေရှိနေတဲ့အခါတိုင်း ငါတို့က “ လိုအပ်
ငါတို့အိုမင်းသွားတဲ့အခါ “ ကူညီထောက်ပံ့ ” တယ်ဆိုတဲ့စကားကိုမသုံးပါနဲ့
ငါတို့ လိုအပ်တာတွေရှိတဲ့အခါ မငြူစူကြပါနဲ့ ။ မင်းတို့ လိုအပ်တာတွေရှိနေတဲ့အခါတိုင
ချက် ” လို့မမြင်ပဲ “ အကောင်းအတိုင်း ” မြင်ပြီး လက်ခံခဲ့ယုံသာမက အရာရာချောမွေ့အောင်ဖြည့်ဆည်းပေးခဲ့ကြတာပါ ။
ငါတို့ ဆီး ၊ ၀မ်းတွေမထိမ်းနိုင်လို့ မင်းတို့ သုတ်သင်ရတဲ့အခါ ငါတို့ကို မရွံ့ရှာပါနဲ့ မင်းတို့ ငယ်ငယ်တုန်းကတည်းက မင်းတို့ ဆီး ၀မ်းတွေကို ဖေဖေရော မေမေရော အိပ်ရေးပျက်ခံလို့ ချစ်ခင်ယုယစွာ သုတ်သင်ပေးခဲ့ကြတာပါ ။
ငါတို့ ချီတုံချတုံနဲ့ တုန်တုန်ရီရီဖြစ်နေတဲ့အခါ မင်းတို့ စိတ်မရှည်မဖြစ်ပါနဲ့။ မင်းတို့ လမ်းမလျှောက်တတ်ခင်ကတည်းက လမ်းလျှောက်တုန်အောင် ခြေမခိုင်သေးတဲ့ကလေးကိုခြေခိုင်အောင် ငါတို့ ပြုစုထိမ်းကျောင်းခဲ့ကြတာပါ ။
ငါတို့ ဆင်းရဲလို့ မင်းတို့ အပစ်မတင်ပါနဲ့ ။ မိဘတွေက သားသမီးတွေကို ရွေးချယ်ခဲ့တာမဟုတ်သလို သားသမီးတွေကလည်း မိဘတွေကို ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ပါရမီတွေ ရေစက်တွေကြောင့်သာ ငါတို့အခုဘ၀မှာ နွေးထွေးတဲ့ မိဘနဲ့သားသမီးဘ၀ကိုရနေရခြင်းဖြစ်တယ် ။
ငါတို့ ခေတ်ပေါ် အသုံးအဆောင်တွေမသုံးတတ်လို့
မင်းတို့ မကဲ့ရဲ့ပါနဲ့ ။ မင်းတို့ကို သင်ပေးခဲ့တဲ့ လူ့ဘ၀ သင်ခန်းစာတွေက
ခေတ်ပေါ်အသုံးအဆောင်တွေထက် ပို ခေတ်မှီပါတယ် ။ အဲဒါကို “ လောကနီတိ ”
လို့ခေါ်တယ် ။
ငါတို့ စကားများတဲ့အခါ နားငြီးတယ်ဆိုပြီး မင်းတို့ မငြူစူပါနဲ့ ။ မင်းတို့ တွတ်တီးတွတ်တာ စကားလုံးတွေကို ငါတို့က ကြည့်ပြီး တစ်နေ့တာ မောပန်းတာတွေပြေပျောက်ခဲ့ရတ ယ် ။
ငါတို့ကို ခြေဆုပ်လက်နယ်ပြုစုရတဲ့အခါ “ ငယ်ငယ်က ပြုစုခဲ့ပေးလို့ အခုပြန်ပြီး ပြုစုပေးရတယ် ” ဆိုတဲ့ အတွေးမျိုးမ၀င်ပါနဲ့ ။ မိဘနဲ့သားသမီးကြားချည်နှောင်ထားတဲ့ မေတ္တာတရားဟာ အပြန်အလှန်သဘောမျိုးမဟုတ်ဘူး ။
ငါတို့ကို ဘာလိုအပ်သလဲလို့ ခဏခဏမမေးပါနဲ့ ။ မင်းတို့ အဆင်ပြေပြေ စိတ်ချမ်းချမ်းသာသာ နဲ့ ဘ၀ကို ဖြတ်သန်းနေရတယ်ဆိုရင် ငါတို့ရဲကအကြီးကျယ်ဆုံးချမ်းမြေ့မှုပါပဲ ။
ငါတို့ကို နမ်း ရမှာ မင်းတို့ မရှက်ပါနဲ့ ။ မင်းတို့ငယ်ငယ်တုန်းက ခဏခဏ နမ်းရှိုက်ခဲ့ရတာ ငါတို့ပါ ။ မင်းတို့ အိပ်ပျော်နေတဲ့အချိန်လေးမှာ ခိုးခိုးနမ်းရတာလည်း ငါတို့ မိဘတွေရဲ့ အကြည်နူးရဆုံးအချိန်အခိုက်အ တန့်လေးတွေပါပဲ ။
သက်တန့်ချို
(မိဘ များကိုယ်စားခံစားရေးဖွဲ့သည် )
ငါတို့ ဆီး ၊ ၀မ်းတွေမထိမ်းနိုင်လို့ မင်းတို့ သုတ်သင်ရတဲ့အခါ ငါတို့ကို မရွံ့ရှာပါနဲ့ မင်းတို့ ငယ်ငယ်တုန်းကတည်းက မင်းတို့ ဆီး ၀မ်းတွေကို ဖေဖေရော မေမေရော အိပ်ရေးပျက်ခံလို့ ချစ်ခင်ယုယစွာ သုတ်သင်ပေးခဲ့ကြတာပါ ။
ငါတို့ ချီတုံချတုံနဲ့ တုန်တုန်ရီရီဖြစ်နေတဲ့အခါ မင်းတို့ စိတ်မရှည်မဖြစ်ပါနဲ့။ မင်းတို့ လမ်းမလျှောက်တတ်ခင်ကတည်းက လမ်းလျှောက်တုန်အောင် ခြေမခိုင်သေးတဲ့ကလေးကိုခြေခ
ငါတို့ ဆင်းရဲလို့ မင်းတို့ အပစ်မတင်ပါနဲ့ ။ မိဘတွေက သားသမီးတွေကို ရွေးချယ်ခဲ့တာမဟုတ်သလို သားသမီးတွေကလည်း မိဘတွေကို ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ပါရမီတွေ ရေစက်တွေကြောင့်သာ ငါတို့အခုဘ၀မှာ နွေးထွေးတဲ့ မိဘနဲ့သားသမီးဘ၀ကိုရနေရခြင်
ငါတို့ ခေတ်ပေါ် အသုံးအဆောင်တွေမသုံးတတ်လို့
ငါတို့ စကားများတဲ့အခါ နားငြီးတယ်ဆိုပြီး မင်းတို့ မငြူစူပါနဲ့ ။ မင်းတို့ တွတ်တီးတွတ်တာ စကားလုံးတွေကို ငါတို့က ကြည့်ပြီး တစ်နေ့တာ မောပန်းတာတွေပြေပျောက်ခဲ့ရတ
ငါတို့ကို ခြေဆုပ်လက်နယ်ပြုစုရတဲ့အခါ “ ငယ်ငယ်က ပြုစုခဲ့ပေးလို့ အခုပြန်ပြီး ပြုစုပေးရတယ် ” ဆိုတဲ့ အတွေးမျိုးမ၀င်ပါနဲ့ ။ မိဘနဲ့သားသမီးကြားချည်နှောင
ငါတို့ကို ဘာလိုအပ်သလဲလို့ ခဏခဏမမေးပါနဲ့ ။ မင်းတို့ အဆင်ပြေပြေ စိတ်ချမ်းချမ်းသာသာ နဲ့ ဘ၀ကို ဖြတ်သန်းနေရတယ်ဆိုရင် ငါတို့ရဲကအကြီးကျယ်ဆုံးချမ်
ငါတို့ကို နမ်း ရမှာ မင်းတို့ မရှက်ပါနဲ့ ။ မင်းတို့ငယ်ငယ်တုန်းက ခဏခဏ နမ်းရှိုက်ခဲ့ရတာ ငါတို့ပါ ။ မင်းတို့ အိပ်ပျော်နေတဲ့အချိန်လေးမှာ
သက်တန့်ချို
(မိဘ များကိုယ်စားခံစားရေးဖွဲ့သည

No comments:
Post a Comment
လာရောက်ကြသော သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါသည်.။