ဒီပုံပြင်လေးကို တစ်ခါက ကျနော့် facebook စာမျက်နှာမှာ တစ်ခါတင်ခဲ့ ဘူးပါတယ်.။
ဒီပုံပြင်လေးကို မပြောပြခင်လေးမှာ ကျနော်တို့  နိုင်ငံမှာ တစ်ခါတုန်းက ရွှေထီးဆောင်းတဲ့ ခေတ်ကာလ
ဆီကို သွားကြည့်လိုက်ရအောင်..အဲဒီလို တစ်ခါက တစ်ဘဝမှာ ရွှေထီးဆောင်းခဲ့ တဲ့  အကြောင်းလေးကို
ကျနော့်တို့  အဘိုးက မကြာမကြာ သတိရလွမ်းဆွတ်ရင်းပြောပြဘူးတာကို ကျနော်ကောင်းကောင်းမှတ်မိ
နေပြန်ပါတယ်.။
အဘိုးတို့ ခေတ်တုန်းကများဆိုရင်...ငွေငါးကျပ်လောက်ရှိရင် မြို့ ပေါ်တက်ပြီး ကိုယ်ဝယ်ချင်တာ စိတ်ကြိုက်ဝယ်..စားချင်တာ ကြိုက်သလောက်စား.အပြန်မှာ မင်းအဘွားဝတ်ဖို့ အတွက်
ထမီတစ်ကွင်းကောင်းကောင်းပါလာသေးတာ..ငွေတစ်ကျပ်လောက် အိပ်ကပ်ထဲ ပါရင် ဈေးမှာ အသားဟင်း၊ ငါးဟင်း ၊ အသီးအရွက် မိသားစု စားဖို့ အစုံဝယ်ပြီး အပြန်လက်ဘက်ရည်ဆိုင်မှာ လက်ဘက်
ရည်ပါဆယ်တစ်ခွက်ကောင်းကောင်းဆွဲလာနိုင်တာပေါ့ကွာ..အပြင်က ထမင်းဆိုင်မှာ ထမင်းတစ်ခါစားရင်
ငါးမှုးဘိုးထက်မပိုပါဘူးတဲ့ လေ..ငါးမှုးစေ့ ၊ တစ်မတ်စေ့ ၊ ဆယ်ပြား၊ ငါးပြားစေ့ ဆိုတဲ့ အကြွေစေ့လေးတွေ
ခုခေတ်ကလေးတွေ ဘယ်မှာမြင်ဘူးပါတော့ မလဲလေ..။
ဝန်ထမ်းတစ်ယောက်လစာ 85 ကျပ်ဆိုတာ မိသားစု တစ်လလုံးလုံးသုံးလို့ ပိုလျှံနေတဲ့ 
အပြင် နှစ်လ တစ်ခါ သုံးလ တစ်ခါဆိုသလို ရွှေဆိုင်က ရွှေဝယ်နိုင်တဲ့ အခြေနေပါတဲ့ ..။85 ကျပ်လောက်
ရတဲ့ ပိုက်ဆံကို မိသားစု တစ်လလုံးသုံးပြီးတဲ့ အပြင် ပိုလျှံလို့  ရွှေပါဝယ်စုနိုင်တယ်လို့ ပြောတော့  ကျနော်
ပါးစပ်အဟောင်းသားနဲ့ ပေါ့.။အဲဒီလို အခြေနေမှာ...မိသားစုထဲက ညီကိုမောင်နှမ တစ်ခုခြုေုကာင့် အရေးရယ် အကြောင်းရယ်ဆိုရင် လိုအပ်တဲ့  ပိုက်ဆံ အလွယ်တကူနဲ့  ကူညီနိုင်တဲ့ အခြေနေမျိုးပေါ့..။
အဘိုးပြောပြတဲ့ အကြောင်းအရာတွေကို နားထောင်ရတာ ကျနော့်အတွက်တော့  တစ်ခါ
က ပုံပြင်လိုလို ဒဏ္ဌာရီ လိုလိုပါပဲ..တကယ်တော့ ဒါဟာ တစ်ကယ်ဖြစ်ခဲ့ ဘူးတယ်..မြန်မာငွေဆိုတဲ့ တန်ဖိုး
တစ်ခုဟာ နိုင်ငံခြားက လိုချင်တဲ့  စက်ပစ္စည်းတစ်ခုခုကို စိတ်ကြိုက်မှာပြီး ဝယ်ယူနိုင်တယ်.။ သစ်စက်အတွက်..ဆန်စက်..ဆီစက် အတွက်ပဲဖြစ်ဖြစ် လိုအပ်တဲ့  စက်ပစ္စည်းတစ်ခုခုကို မှာဝယ်ယူရင်လဲ
မြန်မာငွေနဲ့ ပဲ ရှင်းပေးလိုက်ရင်ဖြစ်တယ်လို့  ပြောပြဘူးတယ်..။
ဒီအကြောင်းတွေကို အဘိုးပြောပြလို့ သာ ကျနော်ယုံကြည်ခဲ့ ရတယ်..တကယ်လို့ များ
ဒီလိုအကြောင်းတွေကို ကျနော်ကိုယ်တိုင် ညီငယ် ၊ ညီမငယ်လေးတွေကို ခုချိန်မှာ ပြောပြမယ်ဆိုရင်
ကျနော့်ကို စိတ်တ္တဆေးရုံကိုပို့ ကြမယ်ထင်ပါတယ်..။တကယ်တော့ ဒါတွေဟာတကယ်ဖြစ်ခဲ့ တယ်..။
ခုကျနော်တို့  ခေတ်ကာလ အနေထားနဲ့ တော့ အကွာကြီးကွာခြားခဲ့ ပါပြီ..။ကျနော်တို့ ခေတ်
ကျနော်တို့ ကာလမှာ ငွေငါးကျပ်ဆိုတာ မရှိဘုး..အကြွေစေ့ဆိုတာ မရှိဘူး..။200 ကျပ်ဆိုတာလဲ အသေးသုံးဖြစ်ပြီ..ငွေ500 ကျပ် 1000 ကျပ်နဲ့  10000 တန်ဆိုတာတွေဖြစ်နေပြီ..ဒါပေမယ့် ငွေကြေးကိန်း
ဂဏန်းအရမှာတော့ အများကြီး ပေမယ့် သုံးလိုက်တော့  ခဏလေးအတွင်းမှာ ပြောင်စင်ကုန်တယ်..။မိသား
စု တစ်စု တစ်နေစာစားသောက်စရိတ်မှာ 3000 အနည်းဆုံးရှိနေပြီ.။မိမိရတဲ့  လခငွေ မိသားစု အတွက်
မလုံလောက်တော့ ..မိသားစု 5 ယောက်ရှိရင် 5 ယောက်စလုံးအလုပ်ကိုကြိုးစားပန်းစားရှာဖွေမှ ထမင်းနပ်
မှန်မှန်စားသောက်နိုင်တဲ့  အခြေနေဖြစ်နေပြီ..အဘိုးတို့ ခေတ်ကလို မိသားတစ်စုမှာ လူတစ်ယောက်အလုပ် လုပ်ရုံနဲ့ မိသားစု စားဝတ်နေရေးအဆင်မပြေနိုင်တော့ ..။အိမ်မှာ အလုပ်လုပ်နိုင်
သူအားလုံး အလုပ်ကိုကြိုးစားလုပ်ပါမှ ထမင်းနပ်မှန်မှန်စားသောက်ရမဲ့ အနေထားဖြစ်နေပါပြီ..ရွှေဝယ်နိုင်
ဖို့ ဆိုတာလုံးဝ မလွယ်ကူတော့ တဲ့ အခြေနေပါ..။
ညီကိုမောင်နှ အချင်းချင်း အရေးဟဲ့  ..အကြောင်းဟဲ့  တစ်ခုခုကြောင့်ဆိုရင် ကူညီနိုင်ဖို့ 
ဆိုတာ မလွယ်ကူတော့ ..။သူတို့ မှာလဲ သူတို့ အရေး..ကိုယ့်မှာလဲ ကိုယ့်အရေးနဲ့  လုံးလယ်ချာလယ် လိုက်
လို့ ပေါ့ဗျာ..။ကျနော်တို့ မှာ ခေတ်ကာလကြီးရဲ့  လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းကို ခံနေရတယ်.။
ကုန်ဈေးနှုနုး ဆိုတဲ့ ဒီရေပြင်ကြီးဟာ မြင့်သထက်မြင့်တက်လာတယ်.။စား၊ ဝတ် ၊ နေ ၊ ရေး ဆိုတဲ့  အရေး
သုံးပါးဒုက္ခပင်လယ်ပြင်ထဲမှာ အသက်မသေရုံလေး ကြိုးစားကူးခတ်နေရတယ်..။မိသားစု အချင်းချင်း သူငယ်ချင်း မိတ်ဆွေ အချင်းချင်းမှာ ကူညီနိုင်ဖို့ ဆိုတာ မလွယ်ကူတော့ ..
ဒီလို အကြောင်းတွေကို စဉ်းစားရင်း ကျနော်ပုံပြင်လေးတစ်ပုဒ်ပြောပြချင်တာကတော့ ......
ဟိုးးးးးးး ရှေးရှေးတုန်းက..
တောစပ်တစ်နေရာမှာ...သစ်ရွက်ခြောက်လေးတစ်ရွက် နဲ့  ကျောက်ခဲလေးတစ်လုံး တို့ ဟာ အဆွေခင်ပွန်း
ဖွဲ့ နေကြသတဲ့ လေ..။တစ်ယောက် နဲ့ တစ်ယောက်ကလဲ အလွန်ချစ်ခင်ကြသတဲ့ .။တစ်ယောက်အခက်ခဲ
ကိုလဲ တစ်ယောက်က ကူညီပေးကြတယ်တဲ့ လေ..။ သူတို့  နှစ်ယောက်မှာ ဘယ်လိုအခက်ခဲရှိကြသလဲ
ဆိုတော့ ...တစ်ခါတစ်ခါမှာ မိုးတွေရွာတယ်..အဲဒီလို မိုးတွေ ရွာလာရင် ကျောက်ခဲလေးက သူ မိုးစိုမှာ
စိုးတဲ့ အတွက်..သစ်ရွက်လေးကို အကူညီတောင်းတာပေါ့..။ သစ်ရွက်လေးရေ.......မိုးတွေရွာလာပြီ
ငါ့ကို ရေမစိုအောင်ဖုံးပေးပါလို့  အော်ပြီး အကူညီတောင်းတာပေါ့..။ကျောက်ခဲလေးက ဖုံးပါ ၊ ဖုံးပါ လို့ 
ပြောပြီး အကူညီတောင်းရင် သစ်ရွက်လေးက အပေါ်ကဖုံးပေးထားလိုက်တယ်..။
တစ်ခါတစ်ခါ လေတွေတိုက်လာရင်...သစ်ရွက်လေးက လေနဲ့ လွင့်ပါသွားမှာစိုးလို့ 
ကျောက်ခဲလေးကို အကူညီတောင်းတာပေါ့..။ ကျောက်ခဲလေးရေ.......လေတွေတိုက်လာပြီ..။ငါ့ကိုဖိထား
ပေးပါလို့ အော်ပြီး အကူညီတောင်းတယ်..။ သစ်ရွက်လေးက ဖိပါ ၊ ဖိပါ လို့ ပြောလိုက်ရင် ကျောက်ခဲလေး
က သစ်ရွက်လေးကို ဖိ ထားပေးလိုက်တယ်.။။
ဒီလိုနဲ့  တစ်ယောက်နဲ့ တစ်ယောက် အခက်ခဲကို ကူညီရိုင်းပင်းလို့  သူတို့ ဘဝမှာ ပျော်ပျော်
ရွင်ရွင်နဲ့ နေထိုင်ကြသတဲ့ လေ....။
ဒါပေမယ့် တစ်နေ့ မှာတော့ ......လေပြင်းမုန်တိုင်း နဲ့ အတူတူ မိုးသည်းထန်စွာ ရွာသွန်းလာပါ
တော့ တယ်...။ မိုး နဲ့ လေပြင်းအတူတူတိုက်ခတ်လာချိန်မှာတော့ .....
ကျောက်ခဲလေးက မိုးစိုမှာ စိုးလို့ ....သစ်ရွက်လေးရေ..မိုးတွေရွာနေပြီ..။ ငါ့ကို ဖုံးပါ ၊ဖုံးပါ လို့ 
အော်ပြောရှာတယ်..။ထို့ အတူ သစ်ရွက်လေးကလဲ လေနဲ့ အတူလွင့်ပါသွားမှာ စိုးလို့ ...ကျောက်ခဲလေးရေ.
လေတွေ တိုက်နေပြီ ငါ့ကို ဖိပါ ၊ ဖိပါ လို့ အော်ပြောရှာတယ်.။
ဒါပေမယ့် သူတို့  နှစ်ယောက်စလုံးမှာ
အခက်ခဲကိုယ်စီ ကိုယ်စီကြုံနေကြရပြီလေ..သဘာဝတရားကြီးရဲ့  တိုက်ခတ်မှု့ ကြောင့် တစ်ယောက် နဲ့ 
တစ်ယောက် မကူနိုင် မကယ်နိုင်တဲ့ အခြေနေဖြစ်နေကြပြီ..။
ကျောက်ခဲလေးကလဲ ငါ့ကို ဖုံးပါ ၊ဖုံးပါ လို့ အော်နေရှာတယ်..သစ်ရွက်လေးကလဲ ငါ့ကို ဖိပါ ၊ဖိပါ
လို့ အော်နေရှာတယ်..။ဒီလိုနဲ့  ဖုံးပါ ၊ဖိပါ ၊ ဖုံးပါ ၊ဖိပါ....အော်ဟစ်အကူညီတောင်းနေကြတဲ့  သူတို့ 
နှစ်ယောက် ရဲ့ ဒုက္ခကိုယ်စီကို မိတ်ဆွေမြင်ကြည့်လိုက်ပါ..။
ကျနော်ပြောပြချင်တဲ့  ပုံပြင်လေးကတော့  ဒီမျှသာပါပဲ..ဘာဖြစ်လို့ လဲဆိုတော့ ကျနော်တို့ တွေလဲ
ခုခေတ်အခါမှာ ကုန်ဈေးနှုနှုးဆိုတဲ့  ဒီရေပြင်ကြီးမြှင့်တက်လို့  စား ၊ဝတ် ၊ နေ ၊ရေး ဆိုတဲ့ ပင်လယ်ပြင်မှာ
ကူးခတ်ရင်း တစ်ယောက်နဲ့ တစ်ယောက် မကူနိုင် မကယ်နိုင်ဖြစ်နေချိန်မှာ...ပုံပြင်ထဲက ကျောက်ခဲလေးနဲ့ 
သစ်ရွက်လေးအတိုင့်း  တစ်ယောက်နဲ့ တစ်ယောက် ဖုံးပါ ၊ ဖိပါ ၊ ဖုံးပါ ၊ဖိပါလို့ သာ အော်ပြောရင်းးးးဖြင့်.....
......ဒီစာကို ဖတ်ပေးကြတဲ့  မိတ်ဆွေများကို ကျေးဇူးတင်ရှိပါတယ်..။ကျနော်စာရေးတတ်လို့ ရေထားခြင်း
မဟုတ်တဲ့ အတွက် အမှားပါနေခဲ့ ရင် တောင်းပန်အပ်ပါတယ်.။ကျနော်စာတွေဟာ..ကျနော့်ရင်ထဲက ခံစားချက်အတိုင်း ချရေးထားခြင်းသာဖြစ်ပါတယ်..စာရေးဆရာတစ်ယောက်မဟုတ်သည့်အတွက်
စာပေအရေးသား တိမ်းစောင်းခြင်းကို တောင်းပန်အပ်ပါကြောင်း
လေးစားစွာဖြင့် ( မင်းစိုး ) စိတ်ကူးယဉ်သည်..။

No comments:
Post a Comment
လာရောက်ကြသော သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါသည်.။